ဒီတစ်ပတ်Super Sunday ရဲ့ပွဲကောင်းတစ်ပွဲဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ချယ်လ်ဆီးအသင်းတို့ပွဲစဉ်ကိုတော့ည၁၀နာရီမှာကစားတော့မှာဖြစ်ပါတယ်။ဒီပွဲစဉ်ကိုတော့မန်ချက်စတာယူနိုက်တက်အသင်းအိမ်ကွင်းအိုးထရက်ဖို့ဒ်မှာယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာပြီးခဲ့တဲ့ရာသီကရလဒ်တွေဆိုးရွားခဲ့ပြီးချန်ပီယံလိဒ်ဝင်ခွင့်တောင်ဆုံးရှုံးထားတာဖြစ်ပါတယ်။ဒါကြောင့်ဒီနှစ်ရာသီမှာလူငယ်ကစားသမားတွေကိုစံချိန်တင်ပြောင်းရွေ့ကြေးတွေနဲ့ခေါ်ယူကာငွေကြေးအများအပြားသုံးစွဲထားတာဖြစ်ပါတယ်။ဒါကြောင့်လူငယ်ကစားသမားအသစ်တွေနဲ့ခြေစွမ်းကိုတော့ဒီနေ့မှာကြည့်ရှူရတော့မှာပဲဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းကတော့နည်းပြသစ်အဖြစ်လမ်းပတ်ကိုခန့်အပ်ထားတာဖြစ်ပြီး လူငယ်တွေနဲ့ခြေစွမ်းပြနေတာဖြစ်ပါတယ်။လူဝယ်ခွင့်ပိတ်ပင်ထားတာကြောင့်အငှားချထားတဲ့လူငယ်တွေကိုခေါ်ယူထားပြီးခြေစမ်းပွဲတွေမှာလည်းပရိသတ်အားကိုးလောက်တဲ့ခြေစွမ်းတွေကိုမြင်တွေ့ခဲ့ရတာပါ။ငွေကြေးသုံးစွဲမှုအများဆုံးမန်ချက်စတာယူနိုက်တက်အသင်းနဲ့ကစားသမားခေါ်ယူခွင့်ပိတ်ထားလို့လူငယ်တွေနဲ့ယှဉ်ပြိုင်မယ့်ချယ်လ်ဆီးအသင်းတို့ပွဲစဉ်မှာဘယ်အသင်းအသာရမလဲဆိုတာစောင့်မျှော်အားပေးကြပါဦးနော်။

Photo:Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။