ကြက်တောင်အားကစားကနေမြန်မာ့ကြက်တောင်လောကအတွက်အောင်မြင်မှုတွေယူပေးနေတာကတော့သက်ထားသူဇာပဲဖြစ်ပါတယ်။နိုင်ငံတစ်ကာပြိုင်ပွဲတွေမှာအောင်မြင်မှုဆုတံဆိပ်တွေကိုဆွတ်ခူးပေးပြီးကမ္ဘာ့အဆင့်၈၃နေရာမှာရပ်တည်နိုင်အောင်စွမ်းဆောင်ပေးထားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။

ခုမှာလည်းသူမကတော့ခုမှာလည်းဂရိနိုင်ငံမှာကျင်းပနေတဲ့ Hellas Open 2019 ကြက်တောင်ရိုက်ပြိုင်ပွဲမှာလည်းဒုတိယဆုကိုဆွတ်ခူးပေးလိုက်တာဖြစ်ပါတယ်။သူကတော့လက်ရည်စစ်ပြိုင်ပွဲကနေဝင်ရောက်ယှဉ်ပြိုင်ရတာဖြစ်ပြီး ခုမှာလည်း၃၂ယောက်နဲ့၁၆ယောက်အဆင့်ရှုံးထွက်တွေကအစအဆင့်ဆင့်အနိုင်ယူခဲ့တာဖြစ်ပါတယ်။

ကွာတားဖိုင်နယ်မှာလည်းယူကရိန်းကစားသမားကိုအနိုင်ယူခဲ့သလိုဆီမီးဖိုင်နယ်မှာလည်းပြင်သစ်ကစားသမားကိုအနိုင်ယူခဲ့တာဖြစ်ပါတယ်။သူကတော့ဒီဆီမီးဖိုင်နယ်ပွဲတွေမှာခက်ခက်ခဲခဲကစားခဲ့ရပြီးအနိုင်ယူခဲ့တာပါ။ဖိုင်နယ်မှာတော့မလေးရှားကစားသမားနဲ့တွေဆုံခဲ့ပြီးအကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ပေမယ့် ရှုံူနိမ့်ခဲ့တာပါ။ပွဲဆက်တွေတောက်လျောက်ယှဉ်ပြိုင်ကစားရတာဖြစ်တာကြောင့်ဒီပွဲမှာပွဲပန်းမှုကိုကြုံတွေ့ရပေမယ့်အကောင်းဆုံးကစားပေးခဲ့တဲ့သက်ထားသူဇာကိုလည်းအားပေးကြပါဦးနော်။

Source:မြန်မာကြက်တောင်ကစားသမားများ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။