11_9_2019 ရက်နေ့ နေ့လည်ပိုင်းတွင် southern_myanamar_football_club မှ တာဝန်ရှိသူများနှင့်အတူဝန်ထမ်းများ၊ အသင်းအမာခံပရိသတ်များဟာ ဒုတိယအကြိမ်မြောက် လှူဒါန်းခြင်းအဖြစ် မော်လမြိုင်မြို့မှ ၁၈မိုင် ခန့်ကွာဝေးသော ကျိုက်မရောမြို့နယ်အတွင်းရှိ ရှင်စောပုရပ်ကွက် အမှတ်(၁၊ ၂၊ ၃ )များမှ ရေဘေးသင့်ပြည်သူများရှိရာနေရာများသို့ သွားရောက်၍ အဝတ်အထည်များ၊ အစားအစာများနှင့်သောက်ရေသန့်များ သွားရောက်လှူဒါန်းခဲ့ပါတယ်။

southern_myanamar_football_club မှ တာဝန်ရှိသူတွေဟာ မော်လမြိုင်မြို့ ရှိ ရေဘေးသင့်ပြည်သူများရှိရာနေရာများသို့ သွားရောက်၍ အဝတ်အထည်များ၊ ခေါက်ဆွဲကြော်ဘူးများနှင့်သောက်ရေသန့်များ သွားရောက်လှူဒါန်းခဲ့ပါသေးတယ်။Southern_Myanmar_FC အသင်းမှ

မော်လမြိုင်မြို့_နှင့်_အနီးပတ်ဝန်းကျင် မြို့များ၌ ကျရောက်လျက်ရှိသော သဘာဝဘေးအန္တရာယ်ဆိုးများ အမြန်ဆုံး ရပ်တန့်ပြီး ရေဘေးရှောင်ပြည်သူများအနေဖြင့် မိမိတို့၏ နေရပ်များသို့ အမြန်ဆုံး ပြန်လည်အခြေချနိုင်ပါ စေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါတယ်ဆိုပြီးရေးသားထားခဲ့တာပဲဖြစ်ပါတယ်။

ဆောက်သမ်းမြန်မာ_အသင်း၏_အိမ်ကွင်း တည်ရှိရာ မော်လမြိုင်မြို့နှင့် ပတ်ဝန်းကျင်ရှိ မြို့များတွင် မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ လေပြင်းများတိုက်ခတ်ခြင်းတို့ကြောင့် မြို့နေပြည်သူများ သဘာဝဘေးအန္တရာယ်နှင့် တွေ့ကြုံခဲ့ရပါတယ်။မာ်လမြိုင်မြို့နှင့်အနီးပတ်ဝန်းကျင် မြို့များ၌ ကျရောက်လျက်ရှိသေသဘာဝဘေးအန္တရာယ်ဆိုးကြီးကနေ အမြန်ဆုံး လွတ်မြောက်ပါစေကြောင်း ဆုတောင်ပေးထားပါတယ်။တစ်ခြားသောနေရာတွေမှာလဲ ရေကြီးမှုတွေဖြစ်နေပြီး လူသေဆုံးမှုတွေအထိ ရှိလာတာဖြစ်ပါတယ်။

source:southern_myanamar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။