လက်ထဲမှာ အမြဲတမ်း ပိုက်ဆံ ပြတ်နေတတ်လို့ လစာထုတ်ရက်ကိုပဲ အမြဲ မျှော်နေတဲ့ အပေါင်းအသင်း မိတ်ဆွေတွေ သင်မြင်ဖူးမှာပါ။ သင်ကိုယ်တိုင်လည်း ဒီထဲက တစ်ယောက် ဖြစ်ချင်ဖြစ်နေပါလိမ့်မယ်။လခ ထုတ်ပြန်တော့လည်း လက်ထဲက ပိုက်ဆံက ကြာကြာမနေတတ် ပြန်ပါဘူး။  

၁။ အပေါင်းအသင်းများခြင်း

အပေါင်းအသင်းများတာဟာ ကောင်းတဲ့အချက်တွေရှိပေမယ့် မကောင်းတာကတော့ ပိုက်ဆံကုန်တာပါပဲ။ သင်က သာမန်လခစား တစ်ယောက်ဆို ပိုလို့ ဆိုးမှာပါ။ အပေါင်းအသင်းများတဲ့ သင့်အတွက် နေ့တိုင်း သွားစရာ၊ လာစရာတွေက ပေါနေပါလိမ့်မယ်။ 

၂။ သရေစာ အစားများခြင်း

နေ့တိုင်းလိုလို သင်ဟာ မုန့်ဆိုင်ထိုင်မယ်ဆိုရင်လည်း ပိုက်ဆံက လက်ထဲ ကြာကြာမမြဲတတ်ပါဘူး။ ဆိုင်ကောင်းကောင်းမှာ ဈေးနှုန်း မနည်းလှတဲ့ အစားအသောက်တွေ စားရတာ ဝါသနာပါသူဆိုရင် လကုန်တဲ့အထိ လက်ထဲ ပိုက်ဆံရှိဖို့ မလိုပါဘူး။

၃။ ဘီယာဆိုင်ထိုင်ခြင်း

သောက်တတ်သူဆိုရင် အိမ်မှာ မကြာခဏ သောက်ပေးတာ ပိုကောင်းပါတ်။ ပိုပြီးတော့လည်း အကုန်အကျသက်သာပါတယ်။ ဘီယာဆိုင် ခဏခဏ ထိုင်ရင်တော့ ပိုက်ဆံ အမြဲပြတ်နေတာ အံ့သြစရာ မဟုတ်ပါဘူး။

၄။ဖုန်းအလွန်သုံးခြင်း

စမတ်ဖုန်း အားလပ်ချိန်တိုင်း အင်တာနက်သုံးစွဲပြီး၊ အွန်လိုင်းဂိမ်းဆော့နေရင်တော့ ပိုက်ဆံ ပိုကုန်နေမှာပါပဲ။

၅။ မလိုအပ်သည့် အသုံးအဆောင်များ

နေ့တိုင်းလိုလို အွန်လိုင်းရှော့ပင်း အင်တာနက်စာမျက်နှာတွေ သွားကြည့်ပြီး ပစ္စည်းမကြာခဏ ဝယ်သူတွေမှာလည်း ပိုက်ဆံ အမြဲတမ်း ပြတ်နေတတ်ပါတယ်။သိပ်မလိုအပ်လှပေမယ့် ဒီဇိုင်းကြိုက်လို့၊ ဈေးသက်သာလို့ဆိုပြီး ပစ္စည်းတွေ မကြာခဏ ဝယ်တတ်သူတွေ ရှိပါတယ်။ ဒီလို အကြိမ်ရေ များလာတဲ့အခါ ပိုက်ဆံ ကုန်တော့တာပါပဲ။ 

၆။ ရည်းစားထားခြင်း

ရင့်ကျက်တည်ငြိမ်သူတွေ ကြားထဲက အချစ်ရေးဟာ ငွေလမ်းခင်းစရာ မလိုပါဘူး။ ဒါပေမယ့် အချို့သော အချစ်ရေးတွေကတော့ ငွေကြေး အရမ်းကုန်တဲ့ အချစ်ရေးမျိုး ဖြစ်နေတတ်ပါတယ်။သင့်ဆီမှာ ဒီလိုအချစ်ရေး ရှိနေရင်တော့ သင့်လက်ထဲ ဘယ်တော့မှ ပိုက်ဆံ မြဲမှာ မဟုတ်ပါဘူး။ 

Source : Bloggers Arena 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။