2030 ကလာတဲ့ Time Traveller တစ်ယောက်ဟာ ခုလာမဲ့ 2019 အတွက် တိကျသေချာစေမဲ့ ဟောကိန်းတချို့ကို ပြောပြခဲ့ကာ အဲ့ထဲမှာ နှင်းမုန်တိုင်းကြီး တစ်ခုကြောင့် အမေရိကန်မြို့တစ်ချို့ကို အကြီးအကျယ်မွှေနှောက်ဖျက်စီးမယ် ဆိုတာပါ ပါဝင်ခဲ့ပါတယ်။ အဲ့လိုဟောကိန်းထုတ်တဲ့ Time Traveller ရဲ့ နာမည်ကတော့ Noah ခေါ်ပြီး 2021 မှာ UFO တွေကိုနေရာအနံှ့တွေ့ရပြီး အဆင့်၅လောက်ရှိတဲ့ မုန်တိုင်းတွေတိုက်မယ်လို့ပြောကြားခဲ့ပါတယ်။ 

Video ထဲမှာတော့သူဟာ အသံကိုဖျက်ထားကာ အနာဂါတ်က စာမျက်နှာတစ်ခုကိုပြပြီး နောက်လာမဲ့လတွေအတွက် သူရဲ့ဟောချက်ကို ပြောပြခဲ့ပါတယ်။ " January 2021 မှာများပြားလှတဲ့ UFO တွေကို နေရာတော်တော်တော်များများမှာ လူတိုင်းတွေ့နိုင်မှာဖြစ်ပါတယ်.....February 2022 မှာတော့ အမေရိကန်ပြည်ထောင်စု အလယ်တစ်ကြောမှာ သမိုင်းမှာအကြီးမားဆုံး နှင်းမုန်တိုင်းကြောင့် မြို့တော်တော်များများပျောက်ကွယ်သွားမှာပါ " ဆိုပြီးပြောခဲ့ပါတယ်။ 

ထိုအပြင်တခြားကိစ္စတွေကိုပါသူပြောခဲ့ပါသေးတယ်။ ဖြစ်နိုင်လား မဖြစ်နိုင်လားမသိပေမဲ့ စောင့်ကြည်ရမှာပါပဲ။ မဖြစ်ခဲ့ရင်လည်း သူဘယ်သူလဲဆိုတာ မသိတဲ့အတွက် ဘာမှလုပ်လို့မရပါဘူး....သူက video တွေထဲမှာ အမြဲ မျက်နှာရောအသံကိုပါဖျက်ပြီး အမြတမ်းတူညီတဲ့ အနီရောင်ဝတ်စုံကိုပဲ ဝတ်လေ့ရှိပါတယ်။ လူတွေအတော်အများက မယုံကြည်ကြပါဘူး .. စာဖတ်သူရော ယုံသလား...သူပြောတာတွေကိုပေါ့..။ 

Source : Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။