သာကေတတွင် ရဲအင်အား ၁၀၀ ကျော်ဖြင့် ရုတ်ရုတ်သဲသဲဖြစ်

ယနေ့ညနေ ၆နာရီခန့် သာကေတမြို့နယ်တွင် ရဲအင်အား၁၀၀ ကျော်ဖြင့် ရပ်ကွက်တစ်ခုကို ဝိုင်းထားကြောင်းသိရသည်။

ဖြစ်စဉ်မှာ သာကေတမြို့နယ် အနော်မာ ၁၁လမ်းရှိ အာရဗီစာသင်ကျောင်းဟုဆိုကာဗလီအဖြစ်အသုံးပြု့နေသဖြင့်

ချိတ်ပိတ်လိုက်ကြောင်းသိရပါတယ်။ ဗလီ ၂လုံးလုံးကို ချိတ်ပိတ်လိုက်ပြီး အခြေအနေတင်းမားနေတယ်လို့ သိရပါတယ်။

၉၆၉ မဘသဆရာတော်များနှင့် အမျိုးသားရေး လှုပ်ရှားသူများက ဗလီတွေပိ်တ်ဖို့ တောင်းဆိုတာဘဲ ဖြစ်ပါတယ်။

အာရဗီစာသင်ကျောင်းမှာ ဗလီတက်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ဖြစ်ပါတယ်။ ဒီနေ့မတိုင်ခင်ကလည်း

ဗလီတက်တဲ့နေ့ စာသင်ကျောင်းပျက်တဲ့နေ့ဖြစ်မယ်လို့ online ကနေ ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့တာလည်း

တွေ့ရပါတယ်။ လွပ်လပ်စွာကိုးကွယ်ခွင့်ပြုတယ်ဆိုတဲ့ ဥပဒေကို ဖောက်ဖျက်နေတာလားလို့ လူတော်တော်များများက

မေးခွန်းထုတ်ခဲ့ပါတယ်။ အစ္စလာမ်ကိုးကွယ်သူများနဲ့ ဗုဒ္ဒဘာသာဝင်များ လူမျိုးရေး ပြသနာများ ဖြစ်နိုင်လို့

စောင့်ကြည့်နေကြပါတယ်။ သာကေတ အနော်မာရက်ကွက်ကို. တစ်ချိန်လုံး

စောင့်ကြည့်ပြီး တရားဥပဒေမဲ့နေရင်၊ တရားဥပဒေစိုးမိုးမှု မရှိရင်

တစ်ဖက်သတ်အနိူင်ကျင့်နေသလိုဖြစ်နေရင်. သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးကို...

ပြင်းပြင်းထန်ထန်နဲ့ တုန့်ပြန်သွားပါမယ်လို့ ပြောတဲ့ လူများလည်းရှိခဲ့ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။