AFF U18ပြိုင်ပွဲဝင်မြန်မာအသင်းဟာဒီနေ့ည၆:၃၀အချိန်မှာတော့ တီမောအသင်းနဲ့အုပ်စု၄ပွဲမြောက်အဖြစ်ကစားရတော့မှာဖြစ်ပါတယ်။မြန်မာအသင်းဟာရှေ့၃ပွဲကစားပြီးချိန်မှာ၉မှတ်ရရှိထားတာကြောင့်အုပ်စုတက်ဖို့အခြေနေကောင်းနေတာဖြစ်ပြီး အုပ်စုဗိုလ်ဖြစ်ဖို့အတွက်တော့ဂိုးတွေရဖို့လိုအပ်နေတာပါ။

မြန်မာအသင်းဟာဒီပြိုင်ပွဲမှာပရိသတ်တွေအားရစေလောက်တဲ့ခြေစွမ်းတွေကိုပိုင်ဆိုင်တားတာကြောင့်နိုင်ပွဲတွေဆက်နေတာပါ။အုပ်စုပြီးဆုံးဖို့လည်းနောက်ထပ်တစ်ပွဲသာကျန်ရှိတော့တာကြောင့် အကောင်းဆုံးယှဉ်ပြိုင်နေတာဖြစ်ပါတယ်။တီမောအသင်းကတော့ဒီပြိုင်ပွဲမှာအင်အားအနည်းဆုံးအဖြစ်သတ်မှတ်ခံနေရတာဖြစ်ပြီးပေးဂိုးတွေများစွာပေးထားရတာပါ။

မြန်မာအသင်းဟာအုပ်စုနောက်ဆုံးပွဲစဉ်မှာ အင်ဒိုနီးရှားအသင်းနဲ့ကစားရမှာဖြစ်တာကြောင့် ဒီနေ့ပွဲမှာအရံကစားသမားအများစုနဲ့ပွဲထွက်လာဖို့ရှိနေတာပါ။အုပ်စုအဆင့်တက်ဖို့သေချာနေတာဖြစ်တာကြောင့်မြန်မာအသင်းအနေနဲ့ အကောင်းဆုံးကစားသမားတွေကိုအနားပေးသင့်ပြီးလူငယ်တွေကိုထုတ်သုံးသင့်တာပါ။ဒီနေ့ပွဲစဉ်မှာလည်းမြန်မာအသင်းဘယ်လိုခြေစွမ်းတွေနဲ့အနိုင်ယူမလဲဆိုတာစောင့်မျှော်အားပေးကြပါဦးနော်။

Source:MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။