ပရီးမီးယားလိဒ်အဖွင့်ပွဲစဉ်၁ရဲ့ပွဲစဉ်တွေထဲက အကောင်းဆုံးဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ချယ်လ်ဆီးအသင်းတို့ပွဲစဉ်မှာတော့မန်ယူအသင်းက(၄-ဝ)ဆိုတဲ့ရလဒ်နဲ့ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။လူငယ်ကစားသမားတွေကိုစံချိန်တင်ပြောင်းရွေ့ကြေးတွေနဲ့ခေါ်ယူထားတဲ့မန်ယူအသင်းကတော့ရာသီအစမှာပဲပရိသတ်တွေကိုအကောင်းဆုံးပျော်ရွှင်မှုတွေပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။

ပွဲစတယ်ဆိုတာနဲ့နှစ်သင်းလုံးကတော့အကောင်းဆုံးပုံစံတွေနဲ့ကစားသွားခဲ့ပါတယ်။ချယ်လ်ဆီးအသင်းကပွဲစတာနဲ့ဖိအားပေးကစားခဲ့ပြီး ဂိုးပေါက်ခြိမ်းချောက်မှုတွေလုပ်ခဲ့ပါတယ်။ဒါမယ့်ပွဲကစားချိန်ကြာလာတာနဲ့အမျှမန်ယူအသင်းကဖိအားပေးခဲ့ပြီး၁၈မိနစ်မှာရက်ဖို့ဒ်ကဦးဆောင်ဂိုးသွင်းပေးခဲ့ပါတယ်။ကျန်ပွဲကစားချိန်တွေမှာဂိုးမသွင်းတော့တာကြောင့် ပထမပိုင်းအပြီးမှာ(၁-ဝ)နဲ့မန်ယူအသင်းကဦးဆောင်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်းမန်ယူအသင်းကပဲဖိအားပေးကစားခဲ့ပြီး၆၅မိနစ်မှာမာရှယ်၆၇မှာရက်ဖို့ဒ်နဲ့၈၁မိနစ်မှာဂျိမ်းစ်တို့ကအနိုင်ဂိုးတွေသွင်းယူပြီးပွဲအပြီးမှာ(၄-ဝ)နဲ့အနိုင်ရခဲ့ပါတယ်။ဒီနှစ်သင်းဟာသမိုင်းတစ်လျောက်ပြိုင်ဆိုင်မှုပြင်းထန်တာကြောင့်ကမ္ဘာ့အနှံ့ပရိသတ်တွေစိတ်ဝင်စားနေကြတာဖြစ်ပါတယ်။ဒါကြောင့်ပွဲအပြီးမှာပရိသတ်တွေကချယ်လ်ဆီးအသင်းကိုလှောင်ပြောင်မှုတွေပြုလုပ်ခဲ့ကြတာပါ။ပရိသတ်တွေလည်းချယ်လ်ဆီးအသင်းကိုမန်ယူပရိသတ်တွေဘယ်လိုလှောင်ပြောင်လဲဆိုတာကတော့အောက်ကပုံရိပ်လေးတွေကိုအားပေးကြပါဦးနော်။

Photo:Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။