တိုက်ကြီးမြို့နယ် ဥက္ကံမြို့ ချောင်းစောက်ကျေးရွာအုပ်စု ဒေါ်စီဖိုးအင်းစုတွင် ဧပြီလ၂၇ ရက်နေ့ နံနက် ၇ နာရီခန့်က လူသတ်မှုဖြစ်ပွားကြောင်း ဥက္ကံရဲစခန်းမှသတင်းရှိသည်။

ဖြစ်စဉ်မှာ ဥက္ကံမြို့ ချောင်းစောက်အုပ်စု ဒေါ်စီဖိုးအင်းစု ဝါးခုတ်စခန်း မမူမူမြင့် ၃၉ နှစ်(ဘ)ဦးအေးလူ အိမ်ထဲ၌ ကျော်လွင် ၃၄ နှစ် နှင့် ဦးသောင်းမြင့်၃၅ နှစ်တို့ အရက်အတူသောက်ကြပြီး တဲချင်းကပ်ရှိ ဦးကျော်စိုး တဲသို့ သွာရောက်ကာ အရက်သောက်နေစဉ် ကျော်လွင်ဇနီး မမဲတူ ၃၃ နှစ်ရောက်ရှိလာပြီး ဆဲဆိုပူညံသံလုပ်နေသည် ကြားရသည်။

ခဏအကြာ မမူမူမြင့်၏ ခင်ပွန်းဖြစ်သူ ကိုကျော်ရွှေ ၄၆နှစ်က သွားရောက်ပြီး ကျော်လွင်အားပြန်ခိုင်းရာ ကျော်လွင်မှမပြန်ရဲ၍ လိုက်ပို့ရန်ခေါ်သဖြင့် ကျော်ရွှေမှ လိုက်ပို့စဉ် ကျော်လွင်၏လက်ထဲတွင် ဝါးခုတ်ဓားမ ကိုင်သွားသည်ကိုတွေ့ရပြီး နာရီဝက်ခန့်အကြာ ကျော်ရွှေပြန်မလာသဖြင့် ဇနီးဖြစ်သူ မူမူမြင့်၏ ဝမ်းကွဲမောင်တော်စပ်သူ မြင့်စိုးမှ လိုက် သွားခဲ့ရာ လမ်းတွင်် သွေးအိုင်နှင့် ဖိနပ်ကိုတွေ့ရပါသည်။

မြင့်စိုးမှ ဆက်လက်၍ ကျော်လွင် ၏ တဲကို သွားရောက်ခဲ့ရာ ကျော်လွင်နှင့်ဇနီး မမဲတူကို မတွေ့ရသဖြင့် ပြန်လာခဲ့ပြီ သွေးအိုင်အနီး လမ်း၏ယာဘက်မြောင်းတွင် ကျော်ရွှေ ၄၆ နှစ်(ဘ) ဦးပျော့ သည် ဇက်ပိုး ဂုတ်ပြတ်၍ ခေါင်းတခြား ကိုယ်တခြားဖြစ်ပြီး သေနေသည်ကို တွေ့ရှိရပါသည်။

အဆိုပါလူသတ်မှုနှင့် ပါတ်သတ်၍ ကျော်လွင် ၃၅ နှစ်(ဘ) ဦးဝင်းမောင်အား ဥက္ကံရဲစခန်းမှ (ပ)၆၇/၂၀၁၇ ရာဇသတ်ကြီပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့်လျှက် လူသတ်တရာခံ ဖမ်းဆီးရမိရေးဆောင်ရွက်လျှက်ရှိကြောင်း သတင်းရှိသည်။

သတင်းအရင်းမြစ် Myanmaalinn

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။