အေးဝတ်ရည်သောင်းကြုံခဲ့ရတဲ့ ထူးထူးခြားခြားအမှတ်တရလေး

သရုပ်ဆောင် အေးဝတ်ရည်သောင်းဟာ မန္တလေးမြို ့မှာ ရတနာပုံဇာတ်လမ်းတွဲ အပိုင်း ၂ ကို ရိုက်ကူးစဉ်က ကြုံတွေ ့ခဲ့ရတဲ့ ထူးခြားတဲ့

အမှတ်တရလေးအကြောင်းကို လူမှုကွန်ရက်စာမျက်နှာမှတဆင့် 

အခုလိုပဲပြောပြသွားပါတယ် ။

“ဟိုနေ့က ရတနာပုံ ဇာတ်လမ်းတွဲလေး အပိုင်း ၂ ရိုက်တုန်းက အမှတ်တရရှိခဲ့တယ် ဆိုတာလေးပြောချင်လို့ပါ။ အဲ့ဒီ့နေ့ကရေးမလို့ မြိတ်မှာ လိုင်းမကောင်းတာရယ်။ နောက်နေ့ရန်ကုန်ရောက်တော့ ဖျားသွားတာရယ်နဲ့ ဆက်တိုက် မရေးဖြစ်လိုက်ဘူး။ Mandalay Fm မှာ Live ပြောရင်းပြောလို့ရပေမဲ့ နှုတ်တရာ စာတစ်လုံးဆိုတော့ စာလေးပဲရေးပြောမယ်လေဆိုပြီး ဆုံးဖြတ်ထားတော့ မပြောမိပြန်ဘူး။ ခုလိုနောက်ကျမှပြောပြရတဲ့အတွက် တောင်းပန်ပါတယ်ရှင့်။

အဲ့ဒီ့အပိုင်း ၂ ရိုက်တုန်းက အမှတ်တရလေးတွေကတော့

မနက်ပိုင်း ကန်တော်ကြီးမှာရိုက်တယ် အဲ့မှာပဲ မန်းလေးက ညီမလေး ၂ ယောက်က မုန့်ဘူးလေးတွေ လက်ဆောင်လာပေးသွားတယ်။

ပြီးတော့ ယွန်းရွှေရည် ပိုးထည်တိုက်မှာဆက်ရိုက်တယ်။

အဲ့ဒီ့မှာ ရိုက်တော့လဲ Floral service တစ်ခုကနေဖုံးဆက်ပြီး ပန်းစည်းအကြီးကြီးနဲ့ Marshmellow လေးတွေ လာပေးသွားတယ်။

နောက်ဆုံး Unique Mandaly ဆိုင်မှာရိုက်တော့လဲ

May Myoe Thway we love aye thaung admin မောင်လေးက ကိုယ်တိုင်လာစောင့်ပြီး ပေါက်စီပုံဆွဲထားတဲ့ ပန်းချီကားကြီးနဲ့ မေမြို့က မုန့်တွေလာပေးသွားတယ်။

ထူးထူးခြားခြား ရှူတင် ၃ နေရာရွှေ့ရိုက်တာ ၃ နေရာလုံးလက်ဆောင်တကူးတက လာပေးကြတဲ့ မန်းလေးက ချစ်သူတွေကို အမှတ်တရ ရှိနေပါတယ်လို့။”

လို ့အေးဝတ်ရည်သောင်းက ဆိုပါတယ် ။

ချစ်စရာကောင်းတဲ့ အမှတ်တရလေးကို ကြုံခဲ့ရတာပဲ ဖြစ်ပါတယ်နော် ။

အခုဆိုရင် နေပြန်ကောင်းလာပြီဖြစ်တဲ့အတွက် အလုပ်တွေ ကြိုးစားနေပြီဖြစ်ကြောင်းလည်း ပြောပြထားပါသေးတယ်။ ပရိသတ်တွေအားပေးကြတဲ့

အေးဝတ်ရည်သောင်းရဲ ့အလှပုံလေးတွေကိုတော့ အခုလိုပဲ တွေ ့မြင်နို်င်ပါတယ်။

Source & Photos: Aye Thaung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။