မင်းသမီးချောလေး ရွှေမှုန်ရတီကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ အောင်မြင်ကျော်ကြားနေတာ ဖြစ်ပါတယ်။ ဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားတွေအများဆုံး ရိုက်ကူးနေရတဲ့ ရွှေမှုန်က လက်ရှိမှာလည်း ထိပ်တန်းမင်းသမီးလေးအဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။ ရွှေမှုန်လေးက ခင်ပွန်းရွှေထူးနဲ့ အိမ်ထောင်ကျပြီး နောက်ပိုင်းမှာလည်း အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ ရွှေမှုန်လေးက ခင်ပွန်းကိုယ်တိုင်ရေးစပ်ပေးထားတဲ့ သီချင်းအသစ်လေးနဲ့ အောင်မြင်မှုရနေတာ တွေ့ရပါတယ်။ သရုပ်ဆောင်ကောင်းသလောက် အသံချိုချိုလေးနဲ့ ဖမ်းစားနိုင်တဲ့ ရွှေမှုန်လေးက တစ်နေ့တစ်ခြား ပိုပိုပြီးချစ်ဖို့ကောင်းလာတာ ဖြစ်ပါတယ်။ အခုလည်း ရွှေမှုန်လေးက နှုတ်ခမ်းလေးစူပြီး ချစ်စရာပို့စ်လေးတွေပေးနေတဲ့ သူမရဲ့ပုံရိပ်လေးတွေကို အသစ်တင်ပေးထားတာ တွေ့ရပါတယ်။

ရွှေမှုန်လေးက '' အသည်းယားလို့ သိမ်းထားလိုက်မယ် '' ဆိုပြီး ဘာဘီအရုပ်လေးသဖွယ် ချစ်စရာကောင်းနေတဲ့ပုံလေးတွေကို မျှဝေထားတာ ဖြစ်ပါတယ်။ ကိုရီးယားမလေးလို အပြင်အဆင်လေးနဲ့ ရွှေမှုန်လေးက ကြွေရုပ်လေးတစ်ရုပ်ပမာ ထိရက်စရာမရှိအောင် နုဖတ်လှပနေတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ရွှေမှုန်ရတီရဲ့ ချစ်စရာအလှပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Shwe Hmone Yati;

Photo Credit -Nay Min Tun;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။