MPT Myanmar National League 2019 ပွဲစဉ်(၂၀)မှာ မကွေးအက်ဖ်စီအသင်းက ဆောက်သမ်းအသင်းကို (၅-ဝ) ဂိုးရလဒ်ဖြင့် ဂိုးပြတ်နိုင်ပွဲ ရရှိခဲ့ပါတယ်။မကွေးအက်ဖ်စီအသင်းနှင့် ဆောက်သမ်းအသင်းတို့ ပွဲစဉ်ကို ယနေ့ညနေပိုင်းက သုဝဏ္ဏကွင်း၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး မကွေးအသင်းက အဖက်ဖက်မှ အသာစီးရယူကစားကာ နိုင်ပွဲ ရရှိခဲ့ခြင်းဖြစ်ပါတယ်။

မကွေးအသင်းအတွက် အနိုင်ဂိုးများကို ၂၀၊ ၃၉ မိနစ်များတွင် သီဟနှင့် နိုင်နိုင်ကျော်တို့က သွင်းယူပေးခဲ့ပြီး ၅၅ မိနစ်တွင် တိုက်စစ်မှူး ပြည်မိုး၊ ၈၆၊ ၉၀+၃ မိနစ်များတွင် လူစားဝင် ကစားသမား အောင်ဇော်မြင့်က တစ်ဦးတည်း နှစ်ဂိုး သွင်းယူပေးခဲ့ခြင်းဖြစ်ပါတယ်။

အဆိုပါနိုင်ပွဲကြောင့် မကွေးအသင်းဟာ အဆင့်၈နေရာမှာရပ်တည်နေပါတယ်။ယခုတစ်ပတ် အမှတ်ပေးဇယား ထိပ်ဆုံးအသင်းများအနက် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဧရာဝတီယူနိုက်တက်အသင်းတို့မှာ သရေရလဒ်ထွက်ပေါ်ခဲ့ခြင်းဖြစ်ပြီး ရှမ်းယူနိုက်တက်အသင်းက နိုင်ပွဲရရှိခဲ့သဖြင့် အမှတ်ပေးဇယားကို ဦးဆောင်ခွင့် ရရှိခဲ့ခြင်းဖြစ်ပါတယ်။

source:myanmar national league

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။