ခန္ဓာကိုယ်အချိုးအစားဟာဆိုရင် အပြစ်ပြောစရာမရှိပဲ၊ အပြောအဆိုပွင်းလင်းတဲ့ မော်လ်သရုပ်ဆောင်၊ သင်ဇာဝင့်ကျော်ကိုအားလုံးပဲသိကြမှာပါ...။ လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ အမျိုးသားပရိသတ်အများဆုံးရရှိထားပြီး စိတ်သဘောထားကောင်းမွန်တဲ့အတွက်ကြောင့် တစ်နိုင်ငံလုံးရှိပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုရရှိထားတာဖြစ်ပါတယ်...။

သူမရဲ့ အချစ်ရေးဟာတော့ အခုလက်ရှိမှာတည်ငြိမ်လျက်ရှိပြီး၊ gym နဲ့ အခြားအားကစားလေ့ကျင့်ခန်းတွေကိုလုပ်ကာ အဆီပိုမရှိတဲ့ အမိုက်စားခန္ဓာကိုယ်အလှကိုဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ပါတယ်...။ သူငယချင်းတွေနဲ့အတူ အပန်းဖြေခရီးတွေကိုထွက်လေ့ရှိပြီး ကြော်ငြာမဂ္ဂဇင်းတွေကိုရိုက်ကူးလျက်ရှိပြီး၊ အခမ်းအနားပွဲလမ်းသဘင်တွေသို့လည်းတက်ရောက်ခဲ့တာပါ...။

စကားပြောပွင့်လင်းတဲ့ သင်ဇာဝင့်ကျော်ကို Myanmarload Tv ကနေ အင်တာဗျူးရာတွင် အခုလိုပဲဖြေကြားထားပါတယ်...။ "အဓိကနေရာတွေ ဖုံးထားတယ်လေ ကျောပဲပေါ်တာပဲကို ရေချိုးရင်တော့ ဘယ်သူမှ အဝတ်အစားကြီးဝတ်ပြီးမချိုးဘူးလေ" ဆိုပြီး ရယ်ရယ်မောမောနဲ့ အရမ်းကို hot ဖြစ်သွားတဲ့ ဓာတ်ပုံနဲ့ပတ်သက်ပြီး ဖြေရှင်းထားတာပါ...။ "Ring Light လေးနဲ့ Stand ထောင်ပြီးရိုက်တာပါ... ဖုန်းကို Timer ပေးပြီးရိုက်တာပါ....ဓါတ်ပုံဆရာ ရိုက်ပေးတာ မဟုတ်ပါဘူး...." ဆိုပီး ပရိသတ်တွေသေချာသိရအောင် ပြောပြသွားတာဖြစ်ပါတယ်...။ ဗီဒီယိုဖိုင်လေးကိုကြည့်ရှုရင်း သင်ဇာဝင့်ကျော်ကို ဆက်လက်အားပေးသွားကြပါနော်...။

Source Myanmarload TV

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။