ပရိသတ်ကြီးရေ မင်းသမီးကြီးဒေါ်ခင်လေးဆွေရဲ့မြေးမလေးဖြစ်တဲ့ စမိုင်းလ်ကတော့ အဖွားရဲ့အနုပညာအမွေတွေကိုဆက်ခံရင်း ပရိသတ်တွေရဲ့အချစ်ကိုရရှိနေတာဖြစ်ပါတယ်။စမိုင်းလ်က နွေးထွေးတဲ့မိသားစုဘဝလေးကိုလည်းပိုင်ဆိုင်ထားပြီး လိမ္မာတဲ့သမီးနှစ်ယောက်ရယ် လိုလေသေးမရှိဂရုစိုက်ပေးတဲ့ခင်ပွန်းတို့ကြောင့် စမိုင်းလ်ကတော့ အမြဲတမ်းစိတ်ချမ်းသာပြီး ဘဝရဲ့ပျော်ရွှင်မှုတွေကိုအပြည့်အဝခံစားနေရတာဖြစ်ပါတယ်နော်။

စမိုင်းလ်ကတော့လက်တလောမှာ အနုပညာအလုပ်တွေကိုလည်းဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေရင်း မိသားစုကိုလည်းအပြည့်အဝဂရုစိုက်ပေးနေတဲ့အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ပါတယ်။စမိုင်းလ်တို့မိသားစုက ကုသိုလ်အရေးဆိုလည်း လက်မနှေးကြတဲ့မိသားစုဖြစ်လို့ သိန်းပေါင်းများစွာကိုမကြာခဏလှူဒါန်းနေကြသလို အခုဆိုရင်လည်း ရေဘေးအတွက် စမိုင်းလ်တို့မိသားစုက ပါဝင်လှူဒါန်းထားကြတာကိုတွေ့ရပါတယ်။

စမိုင်းလ်ကတော့ မိန်းမမျက်နှာကို တစ်ချက်မညှိုးစေတဲ့ ခင်ပွန်းကောင်းကိုပိုင်ဆိုင်ထားလို့ အိမ်ထောင်ရေးအရမ်းကံကောင်းပြီး ပရိသတ်တွေကတောင်အားကျနေကြတာဖြစ်ပါတယ်။အခုဆိုရင်တော့ စမိုင်းလ်က ချစ်ခင်ပွန်းနဲ့ငယ်ငယ်တုန်းကပုံရိပ်လေးကို "တစ်ချိန်တုန်းကလူဆိုးလေးပေါ့ စမီးနဲ့တွေ့မှလိမ္မာတွားတာခိခိ"ဆိုပြီး စနောက်ထားကာ ငယ်ငယ်တုန်းကလည်း နှစ်ယောက်သားအရမ်းချစ်နေကြတဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်နော်။

Source:စမိုင်းလ် Smile

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။