AFF U-18 NEXT MEDIA CUP 2019 အုပ်စု (က) ပွဲစဉ်တစ်ပွဲဖြစ်တဲ့ မြန်မာယူ-၁၈ အသင်းနဲ့ ဘရူနိုင်းယူ-၁၈ အသင်းတို့ပွဲစဉ်မှာတော့ မြန်မာအသင်းက ၂-၀ ဂိုးဖြင့် အနိုင်ရခဲ့ပါတယ်။မြန်မာအသင်းဟာဒီပွဲနိုင်တာနဲ့အုပ်စုတက်ပြီဖြစ်တာကြောင့်အကောင်းဆုံးကစားသွားခဲ့တာပါ။ဘရူနိုင်းအသင်းကတော့အုပ်စုအတွင်းမှာအင်အားအနည်းဆုံးဖြစ်တာကြောင့့်မြန်မာအသင်းအနေနဲ့ သက်သောင့်သက်သာကစားသွားခဲ့တာဖြစ်ပါတယ်။

မြန်မာယူ-၁၈ အသင်းအတွက် အနိုင်ဂိုးများကို ပွဲချိန် ၅၄ မိနစ်တွင် ပြည့်ဖြိုးအောင်နှင့် ပွဲချိန် ၇၃ မိနစ်တွင် မိုးဆွေတို့က သွင်းယူခဲ့ကြတာဖြစ်ပါတယ်။မြန်မာယူ-၁၈ အသင်း အနေဖြင့် အုပ်စုတွင်း လေးပွဲကစား၊ လေးပွဲစလုံး အနိုင်ရရှိသဖြင့် အင်ဒိုနီးရှားနှင့် ကစားမည့် အုပ်စုနောက်ဆုံးပွဲစဉ် မတိုင်မီမှာပင် ဆီမီးအဆင့်သို့ တက်ရောက်နိုင်ခဲ့ပါတယ်။

ဘရူနိုင်းနှင့် ပွဲအပြီးတွင် မြန်မာယူ-၁၈ နည်းပြ ဦးစိုးမြတ်မင်းက "ကျွန်တော်တို့ရဲ့ ပထမဆုံး ပစ်မှတ်ဖြစ်တဲ့ ဆီမီးဖိုင်နယ် ရောက်ရှိရေး ရည်မှန်းချက် ပြည့်ဝခဲ့လို့ ဒီနေ့ပွဲ ရလဒ်ကို ကျေနပ်ပါတယ်။ ပြိုင်ပွဲက တစ်ရက်ခြား ကစားနေရလို့ ကစားသမားတွေ ပွဲမပန်းအောင်၊ အားပြန်ပြည့်အောင် အလေးထား ပြင်ဆင်ခဲ့ရပါတယ်"ဟု ဗီယက်နမ် မီဒီယာတစ်ခုထံ ပြောကြာသွားခဲ့ပါတယ်။ပရိသတ်တွေလည်းဘရူနိုင်းအသင်းကိုအနိုင်ယူခဲ့တဲ့ မြန်မာအသင်းသွင်းဂိုး video လေးကိုလည်းတင်ဆက်ပေးလိုက်ကပါတယ်။

Source:MFF

Video:Next Sports

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။