မန်ချက်စတာယူနိုက်တက်အသင်းကနေအင်တာမီလန်အသင်းကိုပေါင်သန်း၇၀နဲ့ပြောင်းရွေ့သွားခဲ့တဲ့ တိုက်စစ်မှူးလူကာကူကတော့ အင်တာမှာဂိုးတွေသွင်းနေပြီဖြစ်ပါတယ်။တိုက်စစ်မှူးတစ်ယောက်ပီပီအကောင်းဆုံးဂိုးသွင်းစကေးတွေပိုင်ဆိုင်ထားတဲ့ လူကာကူကတော့အသင်းကိုရောက်ရောက်ချင်းမှာတင် ပရိသတ်တွေကို ပျော်ရွှင်စရာတွေဖန်တီးပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။

ရာသီကြိုခြေစမ်းပွဲတွေကစားနေတဲ့ အင်တာမီလန်အသင်းဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက VIRTUS BERGAMO အသင်းနဲ့ခြေစမ်းခဲ့တာဖြစ်ပြီး (၈-ဝ)နဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်။အဆိုပါခြေစမ်းပွဲမှာတော့လူကာကူပါဝင်ကစားခဲ့ပြီး ၄ဂိုးတောင်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။အင်တာအသင်းသားတွေနဲ့ မြန်ဆန်စွာအသားကျနေတာကြောင့် ရာသီသစ်မှာအင်တာကတော့ အကောင်းဆုံးပုံစံတိုက်စစ်တွေကိုမြင်တွေ့ရဖွယ်ရှိနေတာပါ။

အင်တာအသင်းဟာဒီနှစ်မှာကစားသမားတွေဝယ်ပြီးအသင်းကိုအောင်မြင်မှုတွေပြန်ရရှိအောင်တည်ဆောက်နေတဲ့အသင်းဖြစ်ပါတယ်။ဒါကြောင့်ခုလိုတိုက်စစ်မှူးကောင်းတစ်ယောက်ရရှိတာဟာအသင်းအတွက်အကောင်းဆုံးခေါ်ယူမှုဖြစ်ပြီး တစ်ချိန်ကအောင်မြင်မှုတွေပြန်ယူဆောင်နိုင်မလားဆိုတာတော့စိတ်ဝင်စားစရာပါ။ပရိသတ်တွေလည်းအသင်းရောက်ရောက်ချင်းမှာတင်ဂိုးတွေသွင်းယူခဲ့တဲ့ လူကာကူရဲ့ VIDEO လေးကိုလည်းတင်ဆက်ပေးလိုက်ကပါတယ်။

Video:Google


"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။