ပရိသတ်ကြီးရေ.. လတ်တလော ပရိသတ်တွေနဲ့ လူမှုကွန်ယက်စာမျက်နှာတွေမှာ လူပြောအများဆုံးနဲ့ ပရိသတ်တွေ စိတ်မကောင်းဖြစ်ရဆုံး သတင်းတွေကတော့ မိုးကြီးရေလျှံမှုတွေကြောင့် သေကြေပျက်စီးတဲ့ စိတ်မကောင်းစရာ သတင်းတွေပဲ ဖြစ်ပါတယ်နော်..။

ရေဘေးသင့်ဒေသတွေအတွက် ပြည်သူပရိသတ်တွေနဲ့ အနုပညာရှင်တော်တော်များများကလည်း ကူညီလှူဒါန်းမှုတွေ ဆက်တိုက်ပြုလုပ်နေကြပြီး သရုပ်ဆောင်ခင်လှိုင်တို့အဖွဲ့ကလည်း ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ကြတာ တွေ့ရပါတယ်နော်..။


ဦးခင်လှိုင်တို့ အဖွဲ့တွေကတော့ မွန်ပြည်နယ်ရေဘေးသင့်ဒေသတွေနဲ့ မြေပြိုမှုတွေ ဖြစ်ပေါ်ကြုံတွေ့နေရတဲ့ နေရာတွေကို စားနပ်ရိက္ခာတွေနဲ့ ဆေးဝါးတွေကို သွားရောက်လှူဒါန်းခဲ့ကြတာပဲ ဖြစ်ပါတယ်နော်..။

သွားရောက်လှူဒါန်းနေစဉ်မှာလည်း မိုးတွေရွာမှုတွေကြောင့် အခက်အခဲတွေ ဖြစ်ပေါ်နေပေမယ့်လည်း အပင်ပန်းခံပြီး ကိုယ်တိုင်ကိုယ်ကျသွားရောက်လှူဒါန်းခဲ့ကြတာဖြစ်တာမို့ ပရိသတ်တွေကလည်း ချီးကျူးစကားလေးတွေနဲ့အတူ သာဓုခေါ်ဆုတောင်းစကားလေးတွေလည်း ပြောထားကြတာ တွေ့ရပါတယ်နော်..။


ဦးခင်လှိုင်တို့ မိသားစုဟာ ရေဘေးသင့်ဒေသတွေအတွက် အလှူငွေအဖြစ် (၁၀)သိန်းကို မတည်လှူဒါန်းခဲ့ဲတာဖြစ်ပြီး အခြားအနုပညာရှင်များစွာနဲ့ အလှူရှင်တွေကလည်း ထည့်ဝင်လှူဒါန်းထားတဲ့ (၇)ရက်သားသမီးတွေရဲ့အလှူငွေတွေနဲ့အတူ အခုလို သွားရောက်လှူဒါန်းနေတာ ဖြစ်တယ်လို့ ဦးခင်လှိုင်က Live လွှင့်ရင်း ပရိသတ်တွေကို ပြောပြထားပါသေးတယ်..။

ရေဘေးသင့်ဒေသတွေဖြစ်ကြတဲ့ နေရာ(၅)နေရာလုံးကို အပင်ပန်းခံသွားရောက်လှူဒါန်းခဲ့ကြတဲ့ ခင်လှိုင်တို့ အဖွ့ဲ့ရဲ့ Live ဗီဒီယိုဖိုင်လေးတွေကိုလည်း ချစ်ပရိသတ်တွေ အားလုံးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo - ခင်လှိုင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။