မြန်မာနေရှင်နယ်လဒ်ပြိုင်ပွဲကြီးကတော့ပြီးဆုံးဖို့ပွဲစဉ်၂ပွဲသာလိုတော့တာဖြစ်ပါတယ်။ဒီလိုပြိုင်ပွဲကြီးပြီးဆုံးဖို့၂ပွဲသာလိုတော့ပေမယ့် ခုချိန်ထိချန်ပီယံဆုကိုဆွတ်ခူးမယ့်အသင်းကတော့ ပြောလို့မရသေးတာဖြစ်ပါတယ်။ဒီနှစ်မှာတော့ မြန်မာနေရှင်နယ်လိဒ်မှာ အသင်း၃သင်းဟာ အမှတ်ပေးချန်ပီယံ အတွက်နောက်ဆုံးအချိန်ထိကြိုးစားနေရတာဖြစ်ပါတယ်။

လက်ရှိအမှတ်ပေးဇယားမှာတော့ ရှမ်းယူနိုက်တက်အသင်းက ရမှတ်၄၀နဲ့ထိပ်ဆုံးကရပ်တည်နေတာဖြစ်ပြီးရန်ကုန်ယူနိုက်တက်အသင်းက၃၉မှတ်နဲ့ဒုတိယ၊ဧရာဝတီယူနိုက်တက်အသင်းက၃၈မှတ်နဲ့တတိယနေရာမှာရပ်တည်နေတာပါ။ဒါကြောင့် အမှတ်ပေးဇယားအဆင့်၁နေရာကရှမ်းအသင်းကတော့ ချန်ပီယံဆုအတွက်ဆိုနောက်ပွဲတွေကိုလုံးဝအမှားခံလို့မရတော့တာဖြစ်ပါတယ်။

ရန်ကုန်ယူနိုက်တက်အသင်းဟာပြီးခဲ့တဲ့ဧရာဝတီနဲ့ပွဲမှာသရေကျခဲ့တာကြောင့် အမှတ်ပေးဇယားဒုတိယနေရာအထိဆင်းခဲ့ရတာဖြစ်ပါတယ်။ဒါကြောင့်ချန်ပီယံဆုအတွက်ဆိုနောက်ပွဲ၂ပွဲကိုလုံးဝအမှားခံလို့မရတော့တာပဲဖြစ်ပါတယ်။ဒါကြောင့်ဒီနှစ်ရာသီမြန်မာနေရှင်နယ်လိဒ်မှာ ချန်ပီယံသစ်တစ်သင်းထွက်ရှိလာမလားဆိုတာကတော့ စိတ်ဝင်စားစရာပဲဖြစ်ပါတယ်။

Source:Myanmar National League

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။