ရော်ဘတ်တိုကားလို့စ်ဆိုတာနဲ့တစ်ချိန်ကဘရာဇီးအသင်းကို ဖရီးကစ်သွင်းဂိုးတွေနဲ့တူတူအောင်မြင်မှုတွေနိုင်ပွဲတွေယူပေးနိုင်တဲ့ကစားသမားတစ်ယောက်အဖြစ်ပြေးမြင်မိကြမှာပါ။သူကတော့ခုချိန်မှာအသက်ကြီးလို့ဘောလုံးလောကမှအနားယူခဲ့ပေမယ့်ခုချိန်ထိသူ့ရဲ့အောင်မြင်မှုတွေကပရိသတ်တွေအားကျနေရတုန်းဖြစ်ပါတယ်။
သူကတော့လက်ရှိမှာအသက်၄၆နှစ်အရွယ်ရှိပေမယ့်ခုချိန်ထိတိုင်အောင်သန်မာနေတုန်းပဲဖြစ်ပါတယ်။သူရဲ့ခြေစွမ်းတွေကလည်းအကောင်းဆုံးမှာရှိနေသေးတာဖြစ်ပါတယ်။သူကတော့ခုချိန်မှာဘောလုံးအခြေခံတွေကိုလူမှုကွန်ရက်ကနေတင်ပေးလေ့ရှိပြီးသူ့ရဲ့ပရိသတ်တွေဘောလုံးကိုရူးသွပ်တဲ့သူတွေကတော့အားပေးနေကြတုန်းပဲဖြစ်ပါတယ်။
သူကတော့ဖရီးကစ်သင်နည်းတွေကိုအွန်လိုင်းကနေ Tutorial အဖြစ်သင်ပေးနေတာဖြစ်ပါတယ်။အသက်၅၀နားနီးပေမယ့်လည်းခုချိန်ထိသူ့ရဲ့ဖရီးကစ်စွမ်းရည်တွေကပရိသတ်တွေအံ့သြအားကျနေရတုန်းဖြစ်ပါတယ်။ပရိသတ်တွေလည်းအသက်ကြီးပေမယ့်စကေးတွေမကျသေးတဲ့ ရောဘတ်တိုကားလို့စ်ရဲ့ video လေးကိုတင်ဆက်ပေးလိုက်ကပြီးအားပေးကြပါဦးနော်။
SOURCE:Football Daily
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။