မကြာမီယှဉ်ပြိုင်ထိုးသတ်ရတော့မယ့် အောင်လအန်ဆန်းရဲ့ လိုက်ဟဲဗီးဝိတ်ချန်ပီယံ ကာကွယ်ပွဲကို ပရိသတ်တွေလည်း ရင်ခုန်နေကြမယ်ထင်ပါတယ်။ အသက် ၄၁နှစ် အရွယ်ရှိ ဟဲဗီးဝိတ်တန်း ချန်ပီယံ ဘရန်ဒန် ဗီရာနဲ့ထိုးသတ်ရမှာဖြစ်ပြီး ပြိုင်ဘက်ဖိုက်တာဗီရာကတော့ အရပ် ၆ပေ ၃လက်မရှိပြီး MMA ပွဲပေါင်း ၂၄ပွဲမှာ ၁၆ပွဲနိုင်ထားပြီး ၇ပွဲ ရှုံးထားသူ ဖြစ်ပါတယ်။ အဆိုပါ လိုက်ဟဲဗီးဝတ်တန်းချန်ပီယံခါးပတ်ကို အောက်တိုဘာ ၁၃ရက်နေ့မှာ ဂျပန်နိုင်ငံတိုကျိုမြို့မှာကျင်းပပြုလုပ်မှာဖြစ်ပြီး သမိုင်းဝင်ပွဲကောင်းတစ်ပွဲလည်း ဖြစ်လာနိုင်ပါတယ်။    

ဟဲဗီးဝိတ်ချန်ပီယံကြီး ဗီရာရဲ့ စိန်ခေါ်မှုကို လက်ခံပြီးနောက်ပိုင်း သာမာန်ထက်ပြင်းထန်တဲ့ လေ့ကျင့်မှုတွေကို အဆက်မပျက်လုပ်ဆောင်နေပြီး အကောင်းဆုံးရလဒ်တစ်ခုကိုပိုင်ဆိုင်နိုင်ဖို့ကြိုးစားနေကြောင်း သိရပါတယ်။ လေ့ကျင့်မှုတွေဆက်တိုက်ပြုလုပ်နေပေမယ့်လည်း အောင်လအန်ဆန်းကတော့ နားရက်တိုင်းမှာ ဝါသနာပါရာလုပ်ဆောင်မှုတွေနဲ့အတူ အနားယူလေ့ရှိတာလည်း တွေ့ရပါတယ်။ အဆိုပါ အနားယူမှုတွေထဲမှာ မိသားစုနဲ့ ခရီးထွက်ခြင်း ငါးမျှားခြင်းနဲ့အတူ သေနတ်ပစ်လေ့ရှိတာကိုလည်း တွေ့ရပါတယ်။  

ဒီကနေ့မှာလည်း အောင်လအန်ဆန်းကတော့ မိတ်ဆွေတစ်ဦးနဲ့အတူ အနားယူချိန်လေးမှာ သေနတ်ပစ်နေကြောင်း သိရပါတယ်။ အောင်လအန်ဆန်းရဲ့ လူမှုစာမျက်နှာပေါ်မှာတော့ ဇနီးဖြစ်သူနဲ့အတူ သွားရောက်ရင်း သေနတ်ပစ်တဲ့ ပုံရိပ်တွေကို ပြသထားတာတွေ့ရပါတယ်။ ကချင်တိုင်းရင်းသားတစ်ယောက်ဖြစ်တဲ့အပြင် မြန်မာနိုင်ငံကို ချစ်မြတ်နိုးတဲ့ အောင်လအန်ဆန်းရဲ့ သေနတ်ပစ်ပုံရိပ်အချို့ကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

pHOTOS - AUNG LA NSANG

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။