ဘာစီလိုနာအသင်းရဲ့ကစားသမား ကော်တင်ဟိုကတော့ ခုမှာအသင်းကထွက်ခွာဖို့ပြင်ဆင်နေပြီဖြစ်ပါတယ်။သူကိုတော့ ပရီးမီးယားလိဒ်ကလပ်တွေက ခေါ်ယူဖို့ကြိုးစားခဲ့ပေမယ့်လည်း ပျက်ပြယ်ခဲ့တာဖြစ်ပါတယ်။သူကတော့အသင်းကိုဇရစ်စမန်းရောက်ရှိလာတာကြောင့်ပွဲထွက်ခွင့်ရဖို့ဆုံးရှုံးနိုင်တာလည်းဖြစ်ပါတယ်။

ဒါကြောင့်သူကပုံမှန်ပွဲထွက်ခွင့်ရမယ့်အသင်းတွေကိုပြောင်းရွေ့ကစားချင်တာဖြစ်ပါတယ်။ခုမှာတော့ဂျာမန်ထိပ်သီးတစ်သင်းဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်းကခေါ်ယူဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။အသင်းရဲ့အဓိကတောင်ပံကစားသမားနှစ်ယောက်ဖြစ်တဲ့ ရော်ဘင်နဲ့ရီဘာရီတို့အနားယူသွားတာဖြစ်တာကြောင့် လူငယ်တွေနဲ့အသင်းကိုတည်ဆောက်ချင်နေတာဖြစ်ပါတယ်။

ဒါကြောင့်ခြေစွမ်းကောင်းတွေပိုင်ဆိုင်ထားတဲ့လူငယ်ကစားသမား ကော်တင်ဟိုကိုခေါ်ယူချင်နေတာဖြစ်ပါတယ်။ကော်တင်ဟိုကလည်း ပုံမှန်ပွဲထွက်ခွင့်ရတဲ့အသင်းမှာကစားချင်တာဖြစ်တာကြောင့်အပြောင်းအရွေ့ကတော့ဖြစ်နိုင်ချေရှိနေတာဖြစ်ပါတယ်။ပရိသတ်တွေလည်း ကော်တင်ဟိုကို ဂျာမန်မြေမှာတွေ့နိုင်မလားဆိုတာကစိတ်ဝင်စားစရာပဲဖြစ်ပါတယ်။

SOURCE:Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။