မကြာယှဉ်ပြိုင်ထိုးသတ်ရတော့မယ့် အောင်လအန်ဆန်းရဲ့ လိုက်ဟဲဗီးဝိတ်ချန်ပီယံ ကာကွယ်ပွဲကို ပရိသတ်တွေလည်း ရင်ခုန်နေကြမယ်ထင်ပါတယ်။ အသက် ၄၁နှစ် အရွယ်ရှိ ဟဲဗီးဝိတ်တန်း ချန်ပီယံ ဘရန်ဒန် ဗီရာနဲ့ထိုးသတ်ရမှာဖြစ်ပြီး ပြိုင်ဘက်ဖိုက်တာဗီရာကတော့ အရပ် ၆ပေ ၃လက်မရှိပြီး MMA ပွဲပေါင်း ၂၄ပွဲမှာ ၁၆ပွဲနိုင်ထားပြီး ၇ပွဲ ရှုံးထားသူ ဖြစ်ပါတယ်။ အဆိုပါ လိုက်ဟဲဗီးဝတ်တန်းချန်ပီယံခါးပတ်ကို အောက်တိုဘာ ၁၂ရက်နေ့မှာ ဂျပန်နိုင်ငံတိုကျိုမြို့မှာကျင်းပပြုလုပ်မှာဖြစ်ပြီး သမိုင်းဝင်ပွဲကောင်းတစ်ပွဲလည်း ဖြစ်လာနိုင်ပါတယ်။  

ဟဲဗီးဝိတ်ချန်ပီယံကြီး ဗီရာရဲ့ စိန်ခေါ်မှုကို လက်ခံပြီးနောက်ပိုင်း သာမာန်ထက်ပြင်းထန်တဲ့ လေ့ကျင့်မှုတွေကို အဆက်မပျက်လုပ်ဆောင်နေပြီး အကောင်းဆုံးရလဒ်တစ်ခုကိုပိုင်ဆိုင်နိုင်ဖို့ကြိုးစားနေကြောင်း သိရပါတယ်။ လက်ရှိ အောင်လအန်ဆန်းကတော့ နည်းစနစ်ပိုင်းတွေနဲ့အတူ ကိုယ်ခန္ဓာကြံ့ခိုင်ဖို့ကိုလည်း အားစိုက်လေ့ကျင့်နေပြီး အရွယ်အစား အရပ်အမောင်းမတူညီတာကြောင့် တိုက်စစ်ပြောင်းလဲမှုကို အဓိကထားလုပ်ဆောင်နေကြောင်းသိရပါတယ်။  

နိုင်ငံတကာမှ အကောင်းဆုံးဖိုက်တာတွေခေါ်ယူလေ့ကျင့်လျှက်ရှိပြီး မလိုတော့တဲ့ ပြိုင်ပွဲအတွက် အပြင်းအထန်ကြိုးစားနေကြောင်း သိရပါတယ်။ ပရိသတ်တွေကျေနပ်လောက်တဲ့ ရလဒ်တစ်ခုကို ပိုင်ဆိုင်နိုင်ဖို့ လက်ရှိ ကမ္ဘာ့အကောင်းဆုံး ဖိုက်တာတွေခေါ်ယူလေ့ကျင့်နေတဲ့ အောင်လအန်ဆန်းရဲ့ ဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

vide0 - Aung LA Nsang

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။