ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ လူပျိုတွေ အပျိုတွေကို အားကျသွားစေနိုင်လောက်တဲ့ ခပ်ဆန်းဆန်းနဲ့ ခပ်လန်းလန်း မင်္ဂလဆောင် ပုံရိပ်လေးတွေကို ဝေမျှပေးချင်ပါတယ်။ တပုံချင်းစီတိုင်းမှာ မတူညီတဲ့ အိုင်ဒီယာတွေ ကိုတွေ့မြင်ရမှာဖြစ်ပြီး ပုံတွေကို ကြည့်ပီး ကိုယ်တောင် အားကျသွားစေနိုင်လောက်ပါတယ်။

ကျနော်တို့ မြန်မာနိုင်ငံရဲ့ ဓလေ့ထုံးတမ်းအရ တသက်မှာ တခါပဲ ဆောင်ခွင့်ရှိတဲ့ မင်္ဂလာပွဲမျိုးမှာ လူတိုင်းလူတိုင်းက အချိန်အကြာကြီးအထိ မေ့လို့မရနိုင်တဲ့ အမှတ်တရတွေကို ပိုင်ဆိုင်လိုချင်ကြသူတွေချည်းပါပဲ..အခုနောက်ပိုင်းမှာ ကင်မရာအကောင်းဆုံးတွေလည်းရှိလာပြီး ဖိုတိုရှော့ နည်းပညာတွေကလည်း အံ့မခန်းတိုးတက်လာပီဆိုတော့ ကိုယ့်ရဲ့ စိတ်ကူးထဲကအတိုင်း ကြိုက်သလိုရိုက်ကူးနိုင်ပီပဲ ဖြစ်ပါတယ်။

အခုဖော်ပြထားတဲ့ စုံတွဲ ဓာတ်ပုံလေးတွေဟာဆိုရင် သူတို့ရဲ့ ဘဝမှာ အမှတ်တရအဖြစ်ထင်ကျန်အောင် ရိုက်ကူးခဲ့တဲ့ ပုံလေးတွေပဲ ဖြစ်ပါတယ် ။ တချို့ပုံလေးတွေဆို စိတ်ကူးစိတ်သန်းကောင်းသလို ရယ်စရာလည်း ကောင်းလှပါတယ်။ ပရိသတ်ကြီးလည်း ဒီပုံလေးတွေကိုကြည့်ပီး မကြာခင် ဝါကျွတ်တော့မှာဆိုတော့ အောင်အောင်မြင်မြင်နဲ့ အဆင်ပြေအောင်လှုပ်ရှားနိုင်ကြပါစေနာ်။

Source : Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။