စပါးကြီးမြွေကြီးတကောင်ကိုနေအိမ်တွင်း ပခြုပ်တခုထဲမှာ၃ ရက်ကြာ ပိတ်လှောင်ထားခဲ့တဲ့ ထိုင်းအမျိုးသားတဦးဟာအဲဒီမြွေအကိုက်ခံရပြီးသေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ဒီအဖြစ်အပျက်ဟာနိုင်ငံအလယ်ပိုင်းဆူခိုထိုင်းခရိုင်တွင်းမှာ ဖြစ်ပြီး မြွေကိုက်ခံရသူကတော့ အသက်၅၅ နှစ်အရွယ် ဆဝမ်တပ်ဘ်ခလိုင် ပဲဖြစ်ပါတယ်။

နေအိမ်မှာအတူနေထိုင်တဲ့အသက်၆၃ နှစ်အရွယ် သူ့ရဲ့အစ်မဖြစ်သူကကူညီကယ်တင်ဖို့ ကြိုးစားခဲ့ပေမယ့် မရခဲ့ဘဲ မြွေကြီးက ဆဝမ်ရဲ့ ခေါင်းကို ရစ်ပတ်ထားခဲ့တာ ဖြစ်ပါတယ်။

သူဟာ အနီးဝန်းကျင်ကို အော်ဟစ် အကူအညီတောင်းခဲ့ရပြီး လူတွေရောက်လာချိန်မှာတော့ မမီတော့ဘဲဆဝမ်ဟာ မြွေကိုက်ခံရတဲ့ဒဏ်ရာနဲ့ သေဆုံးသွားခဲ့ရတာပါ။

ဒါပေမယ့်အရှည် ၃ မီတာရှိတဲ့စပါးကြီးမြွေကြီးကိုတော့ဒေသတွင်း ကူညီကယ်ဆယ်ရေးအဖွဲ့တွေရဲ့အကူအညီနဲ့ဖမ်းဆီးနိုင်ခဲ့တယ်လို့ဆိုပါတယ်။

သေဆုံးသွားသူ အမျိုးသားရဲ့လက်နဲ့ လက်မောင်းမှာ မြွေကိုက်ရာတွေကိုလည်း တွေ့ရှိခဲ့ရပါတယ်။

ဆဝမ်ဟာဒီမြွေကြီးကိုဖမ်းဆီးမိခဲ့ပြီးနောက်မှာ ဘာအကြောင်းပြချက်မှမရှိဘဲ နေအိမ်တွင်းပခြုပ်တခုထဲမှာထည့်သွင်း ပိတ်လှောင်ထားခဲ့တာဖြစ်တယ်လို့မိသားစုဝင်တွေကပြောပါတယ်။သူဟာမြွေကြီးကိုပခြုပ်တွင်းမှပြန်ထုတ်ဖို့ကြိုးစားခဲ့ချိန်မှာခုလိုကြုံတွေ့ခဲ့ရတာ ဖြစ်နိုင်တယ်တယ်လို့ သိရပေမယ့် သူ့ရဲ့အသက်ကတော့ သေဆုံးသွားခဲ့ပြီပဲဖြစ်ပါတယ်။

သူ့ကိုကိုက်ခဲ့တဲ့ စပါးအုံးမြွေကြီးကိုတော့ ကယ်ဆယ်ရေးအဖွဲ့တွေဟာ ဖမ်းဆီးသွားခဲ့ပြီးနောက် တောထဲပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

Source - Stomp

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။