ပရိသတ်ကြီးရေ စူစူလို့ချစ်စနိုးခေါ်ဝေါ်ကြတဲ့မင်းသမီးလေးအိချောပိုဟာဆိုရင် စိတ်ထားလေးဖြူစင်မွန်မြတ်ပြီး ရိုးအေးတဲ့သူတစ်ယောက်ဖြစ်ပါတယ်။အိချောပိုက အနုပညာနယ်ပယ်မှာလည်း ပရိသတ်တွေရဲ့ချစ်မေတ္တာတွေနဲ့ အောင်မြင်မှုတွေရရှိနေတာပါနော်။မာန်မာနကင်းမဲ့ပြီး လူတိုင်းအပေါ်သဘောကောင်းဖော်ရွေတတ်တဲ့အိချောပိုလေးက လူချစ်လူခင်လည်းအရမ်းပေါများပါတယ်နော်။

အခုလက်တလောမှာတော့ မွန်ပြည်နယ်ဟာ ရေဘေးဒုက္ခနဲ့တောင်ပြိုတဲ့ ကပ်ဆိုးကြီးကိုကြုံနေရပြီး မွန်ပြည်နယ်မှာရှိတဲ့ မြို့နယ်အသီးသီးကပြည်သူတွေလည်း ဒုက္ခကိုတော်တော်လေးခံစားနေရကာ လူအသေအပျောက်တွေလည်းရှိတယ်လို့ စိတ်မကောင်းစရာသတင်းတွေလည်းကြားသိရပါတယ်။ရေတွေဖုံးလွှမ်းသွားတာကြောင့် နေအိမ်တော်တော်များများလည်း ပျက်စီးဆုံးရှုံးသွားပြီး ကူကယ်ရာမဲ့နေတဲ့ပြည်သူတွေကို မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ပြည်သူတွေနဲ့ အနုပညာရှင်တွေက ဝိုင်းဝန်းကူညီကြပါတယ်နော်။

ပရဟိတအသင်းများကလည်း မွန်ပြည်နယ်ကိုသွားရောက်ပြီးလှူဒါန်းကယ်ဆယ်ကြသလို အနုပညာရှင်တစ်ချို့ကလည်း ဦးဆောင်ပြီး လိုအပ်တဲ့ပစ္စည်းတွေနဲ့သွားရောက်ကူညီကြပါတယ်။အခုဆိုရင်လည်း မင်းသမီးချောလေး အိချောပိုက ဦးကျော်သူတို့အဖွဲ့သားတွေနဲ့အတူ ကျိုက်မရောဒေသဘက်ကိုသွားပြီး ပစ္စည်းအစုံအလင်နဲ့ ကိုယ်တိုင်ကိုယ်ကျသွားလှူရလို့ ပီတိတွေဖြာပြီး အားသွန်ခွန်စိုက်ကူညီပေးနေတဲ့ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

Source:Ei Chaw Po

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။