ပရိသတ်ကြီးရေ မိခင်မေတ္တာတွေလိုအပ်နေတဲ့ကလေးကယ်လေးတွေကို နွေးထွေးတဲ့ရင်ခွင်တစ်စုံပေးပြီး ပြုစုစောင့်ရှောက်ပေးနေတဲ့ ခိုင်နှင်းဝေကတော့ ကလေးလေးများရဲ့မိခင်ဖြစ်ပါတယ်နော်။ခိုင်နှင်းဝေက သားသမီးတွေကို ရင်အုပ်မကွာပြုစုစောင့်ရှောက်ပြီး ကလေးတွေကို အရိပ်တကြည့်ကြည့်နဲ့နေတာဖြစ်ပါတယ်။အခုဆိုရင်လည်း ခိုင်နှင်းဝေက ကလေးတွေရဲ့လုံခြုံရေးအတွက် အောက်ပါအတိုင်းစီစဉ်လိုက်တာကိုတွေ့ရပါတယ်နော်။

ဂေဟာမှာ ကလေးတွေရဲ့ လုံခြုံရေးအတွက် CCTV ၈လုံးတပ်ဆင်ထားပါတယ်ရှင်...လုံခြုံရေးကင်မရာတွေ တပ်ဆင်ထားတဲ့အပြင် ညစောင့်အမျိုးသားဝန်ထမ်းများလည်းခန့်ထားပါတယ်. ဘာကိုမှတရားသေသတ်မှတ်လို့မရတဲ့ခေတ်ကြီးထဲမှာ ကျမရဲ့ သားသမီးတွေကို မှည့်တပေါက်အစွန်းထင်းမခံနိုင်ပါဘူး ကျမကို တိုက်ခိုက်ချင်လို့ဖြစ်စေ, ကျမ အခုလိုလုပ်နေတဲ့လုပ်ရပ်တွေအပေါ် မုဒိတာမပွားနိုင်၍ဖြစ်စေ တနည်းနည်းနဲ့ ကျမကိုပြိုလဲအောင်ပြုလုပ်ဖို့တော့ ကျမရဲ့ ဂေဟာနဲ့ကလေးတွေအနားကို ယောင်လို့တောင်ကပ်လို့မရနိုင်ပါဘူးလို့ ...

CCTV ထဲလဲ မှတ်တမ်းများအားလုံးရှိပြီး,အစဉ်မပြတ်စောင့်ကြည့်နေသူဝန်ထမ်းများလဲရှိသလို ရပ်ကွက်အုပ်ချုပ်ရေးမှုးများ, ရဲစခန်းများ နဲ့ တာဝန်ရှိသူများ,အိမ်နီးနားချင်းများအားလုံးကိုလည်း ဂေဟာရဲ့ လုံခြုံရေးအတွက်စောင့်ရှောက်ပေးဖို့ အသိပေးပြောကြားထားပြီး, လိုအပ်သောအချက်အလက်များပြသသင့်သောဓာတ်ပုံများ,ကိုလည်းပြသထားပြီးဖြစ်ပါတယ်...ကျမ သားသမီးတွေကိုတော့ နည်းနည်းမှအထိခိုက်မခံနိုင်ပါဘူး...သားသမီးထိ ဓားကြည့်ပေါ့ရှင်."ဆိုပြီး သားသမီးတွေရဲ့လုံခြုံရေးအတွက် အပြည့်အဝအကာအကွယ်ယူထားပါတယ်နော်။

Source:Khine Hnin Wai

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။