သရုပ်ဆောင်စမိုင်းဟာ အနုပညာလောကမှာ ဆယ်စုနှစ်ကျော်တိုင်အောင်ရပ်တည်လာနိုင်တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး အောင်မြင်မှုပေါင်းများစွာကိုလဲ ရယူထားနိုင်သူဖြစ်ပါတယ်။ သူမကတော့ ချစ်စရာကောင်းတဲ့ မိသားစုလေးကိုပိုင်ဆိုင်ထားပြီး အလိုက်သိတတ်တဲ့ ယောကျာ်းကို ပိုင်ဆိုင်ထားသလို ချစ်စရာကောင်းလွန်းတဲ့ သမီးလေးနှစ်ယောက်နဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ရရှိပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ သူတို့ဇနီးမောင်နှံနှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက်မျက်စိအောက်ကအပျောက်မခံနိုင်အောင်ကို ချစ်ကြလွန်းတာကြောင့်လည်း ပရိသတ်တွေက အားကျနေရတာပါ။ 

သူမတို့မိသားစုလေးဟာ ခရီးသွားဝါသနာပါကြသူများပီပီ မကြာခဏ ပြည်ပနိုင်ငံများသို့ခရီးထွက်လေ့ရှိတာလည်း ဖြစ်ပါတယ်။ နှစ်ယောက်အတူ အလုပ်တွေကြိုးစားကာရှာဖွေစုဆောင်းခဲ့ကြတာကြောင့်လည်း ယနေ့ချိန်မှာမတောင့်မတ မကြောင့်ကြဘဲနေနိုင်ကြတာပါ။ သူတို့မိသားစုရဲ့ကြွယ်ဝချမ်းသာမှုများကို မနာလိုတဲ့သူတွေအကြောင်းကိုတော့ စမိုင်းလ်ရဲ့လူမှုကွန်ယက်စာမျက်နှာတွင် အခုလိုပဲ ဝေမျှခဲ့တာပဲ ဖြစ်ပါတယ်။ 

" မြန်မာပြည်လေဆိပ်မှာဝင်လာတော့ ကျမရဲ့သေတ္တာတွေဖွင့်စစ်ရမယ်တဲ့ . ဒီမှာမိန်းမတစ်ယောက်ကတိုင်ထားတယ် Smile ပြန်လာမယ်ပစ္စည်းတွေအရမ်းများတယ် သူ့ကိုသေချာစစ်ဆိုပြီးတော့တဲ့.. အော် မြန်မာပြည်သူပြည်သားတွေ လေဆိပ်မှာပါသေချာတောင်တိုင်ခဲ့တာ မဆိုးပါဘူး မနာလိုချက်ကငယ်ထိပ်တက်ဆောင့်နေတာသိခဲ့ရလို့ ..

ဖြေးဖြေးချင်းမနာလိုပါဟယ် ကြွားစရာတွေကျန်သေးတယ် နောက်နှစ်အတွက်အားမွေးထားပါအုန်း " ဆိုပြီး ရေးသားထားတာပါ။

Source- Than Smile 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။