သရုပ်ဆောင် မင်းသမီးချောလေး ဧငြိမ်းဖြူကတော့ ဝါဂွမ်းလေးလို ဖြူဖွေးနုဖတ်တဲ့အသားအရေလေးနဲ့ ကိုရီးယားမလေးလို ချစ်ဖို့ကောင်းသူလေး ဖြစ်ပါတယ်။ ဘိုဆန်တဲ့မျက်နှာလှလှလေးကြောင့် မြင်သူတိုင်းကအချစ်ပိုရသလို ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာတွေကိုလည်း ပိုင်ဆိုင်ရရှိထားတာ ဖြစ်ပါတယ်။ ဧငြိမ်းဖြူက ရေဒီယိုဇာတ်လမ်းလေးတွေနဲ့ လူသိများအောင်မြင်လာခဲ့တာဖြစ်ပြီး Cover Dance ဗီဒီယိုလေးတွေနဲ့လည်း အောင်မြင်မှုရနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဧငြိမ်းဖြူက အဆိုတော်၊သရုပ်ဆောင် ရဲရင့်အောင်ရဲ့ချစ်သူကောင်မလေးလည်း ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဧငြိမ်းဖြူက ခရီးတွေထွက်ရင်း အရမ်းကိုပျော်ရွှင်နေတာ တွေ့ရပါတယ်။ အခုလည်း ဧငြိမ်းဖြူက နာမည်ကျော်တဲ့ တောင်ပြုံးပွဲတော်ကြီးကို သွားရောက်လည်ပတ်ရင်း အမှတ်တရပုံလေးတွေလည်း ဓာတ်ဖမ်းခဲ့ပါသေးတယ်။

ဧငြိမ်းဖြူက လူတွေစည်ကားလှတဲ့ တောင်ပြုံးပွဲဈေးကြီးထဲမှာ လျှောက်လည်ရင်း မြင်သူတိုင်းလည်ပြန်ငေးရလောက်အောင် လှနေတာ တွေ့ရပါတယ်။ ပွဲဈေးထဲမှာ ဈေးဝယ်ထွက်နေတဲ့ ပုံလေးတွေကိုလည်း ဧငြိမ်းဖြူက '' တောင်ပြုံးသို့ နောက်တစ်နှစ်ရောက်ခဲ့စဉ် '' ဆိုပြီး မျှဝေပေးထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ဧငြိမ်းဖြူရဲ့တောင်ပြုံးရောက်အလှပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: A Nyein Phyu;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။