ချစ်စရာကောင်းတဲ့အမူအရာလေးတွေဟာလည်း ပရိသတ်တွေအချစ်ပိုစေတဲ့သူလေးကတော့ သရုပ်ဆောင်ပိုးကြာဖြူခင်ပဲ ဖြစ်ပါတယ်။ သူမရဲ့ သရုပ်ဆာင်ပီပြင်မှုတွေကြောင့်လည်း အချိန်တိုအတွင်းမှာ အောင်မြင်တဲ့မင်းသမီးတစ်ယောက်အဖြစ် အနုပညာလောကမှာရပ်တည်လာနိုင်တာပဲ ဖြစ်ပါတယ်။ သူမဟာ ရုပ်သံဇာတ်လမ်းတွဲများအပြင် ပွဲအခမ်းအနားများစွာကိုလည်း အမြဲတက်ရောက်နေရသူလေးလည်း ဖြစ်ပါတယ်။ 

လက်ရှိမှာလည်း ရုပ်သံဇာတ်လမ်းတွဲတွေကို ရိုက်ကူးလျက်ရှိနေတာပဲ ဖြစ်ပါတယ်။ မကြာသေးခင်ကလည်း သူမပါဝင်သရုပ်ဆောင်ထားတဲ့ " ကြယ်လေးများရဲ့ကောင်းကင် " ဇာတ်လမ်းတွဲလေးဟာလည်း မကြာသေးခင်က MRTV-4 ရုပ်သံတွင် ပြသခဲ့တာပဲ ဖြစ်ပါတယ်။ လတ်တလောမှာလည်း ဇာတ်လမ်းတွဲများနဲ့ ကြော်ငြာများ ရိုက်ကူးနေရတာပဲ ဖြစ်ပါတယ်။ 

သူမဟာ မကြာသေးခင်ကကျင်းပခဲ့တဲ့” Aroma Wedding Show “ ကြီးတွင် အဆိုတော်စိန်လင်းနဲ့အတူ " You Are My Life “ ဆိုတဲ့ သီချင်းလေးနဲ့ သီဆိုဖျော်ဖြေခဲ့တာပဲ ဖြစ်ပါတယ်။ ဒီနေ့လေးမှာတော့ ဒီသီချင်းဗီဒီယိုလေးကို လူမှုကွန်ယက်စာမျက်နှာတွင် ဖြန့်ချီခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် ဒီဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source- Sein Linn (aroma) 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။