မင်းသမီးချောလေး ပိုးကြာဖြူခင်ကတော့ ဇာတ်လမ်းတွဲမင်းသမီးလေးအဖြစ် နာမည်ရအောင်မြင်နေသူလေးပဲ ဖြစ်ပါတယ်။ ရိုးရိုးအေးအေးလေးနဲ့ အမြဲတမ်းလုံလုံခြုံခြုံ ဝတ်စားဆင်ယင်တတ်သူလေးမို့ ပရိသတ်တွေအားလုံးက တန်ဖိုးထားပြီး ချစ်ခင်နေရတာ ဖြစ်ပါတယ်။ ဆိုင်းမိုင်လေးလို့ လူသိများတဲ့ပိုးကြာဖြူခင်က ''မိုးကောင်းကင်အိပ်မက်'' ဇာတ်လမ်းတွဲလေးနဲ့ ပိုမိုအောင်မြင်မှုရခဲ့တာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ ပိုးကြာဖြူခင်က ဇာတ်လမ်းတွဲအသစ်လေးတွေ ရိုက်ကူးနေရသလို ပွဲအခမ်းအနားတွေလည်း ဆက်တိုက်တက်ရောက်နေရတာ ဖြစ်ပါတယ်။ အရင်ကထက်ပိုပိုပြီး အလှတိုးလာတဲ့ ပိုးကြာဖြူခင်က ဆံပင်အတိုလေးညှပ်လိုက်ပြီးမှ အလှတွေပိုပေါ်လွင်သွားခဲ့တာ ဖြစ်ပါတယ်။ အခုလည်း ပိုးကြာဖြူခင်က ဆွဲငင်အားပြင်းတဲ့ ညို့မျက်ဝန်းလေးတွေနဲ့ ဖမ်းစားထားတဲ့ သူမရဲ့ပုံရိပ်လေးတွေကို အသစ်တင်ပေးထားပါတယ်။

ပိုးကြာဖြူခင်က ''မိုးအေးအေးလေးနဲ့ လွမ်း '' ဆိုပြီး အခုလိုအေးချမ်းတဲ့ရာသီဥတုလေးမှာလတစ်ယောက်တည်း လွမ်းဆွေးနေတဲ့ပုံလေးတွေကို တင်ထားတာပဲ ဖြစ်ပါတယ်။ ခဏခဏပြန်ကြည့်ချင်လောက်အောင် လှနိုင်လွန်းတဲ့ ပိုးက အရမ်းကိုချစ်စရာကောင်းနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ပိုးကြာဖြူခင်ရဲ့အလှပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Poe Kyar Phyu Khin;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။