ပရိသတ်ကြီးရေ.. ထိပ်တန်း သရုပ်ဆောင်တွေဖြစ်ကြတဲ့ ခန့်စည်သူ၊ ခိုင်သင်းကြည်နဲ့ ထွန်းအိန္ဒြာဗိုလ်တို့ သုံးယောက်ကတော့ ဆယ်စုနှစ်တွေကတည်းက ဒိတ်ဒိတ်ကြဲအောင်မြင်မှုတွေ ရရှိထားကြသူတွေပဲ ဖြစ်ပါတယ်..။

အနုပညာလောကမှာ အောင်မြင်မှုတွေ အခိုင်အမာရရှိထညးကြတဲ့ ပြည်သူအချစ်တွေ ဖြစ်ကြသဘို ယနေ့ အချိန်ထိ ပရိသတ်တွေရဲ့ တခဲနက်အားပေးဝန်းရံမီုတွေကိုပါ သိမ်းပိုက်ထားကြတာလည်း တွေ့ရပါတယ်နော်..။

ယနေ့အချိန်ထိ အနုပညာအလုပ်တွေနဲ့ ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးနေကြတဲ့ သူတို့ သုံးယောက်ကတော့ အခုတစ်ခါမှာလည်း ဇာတ်ကားတွေအတူ ရိုက်ကူးရင်း လှူဒါန်းမှုတွေလည်း ပြုလုပ်ခဲ့ကြတာ တွေ့ရပါတယ်နော်..။

သုံးယောက်အတူ လှူဒါန်းခဲ့ကြတဲ့ သူတို့ရဲ့ အလှူကုသိုလ်လေးကတော့ ရုပ်ရှင်ရိုက်ကူးနေတဲ့နေရာမှာ မုန့်ဟင်းလားတွေ ကိုယ်တိုင်ချက်ပြီး ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းက ကလေးတွေနဲ့ လူ(၁၅၀၀) ရွာလုံးကျွတ်နီးပါးကျွေးမွေး လှူဒါန်းခဲ့ကြတာဖြစ်ပါတယ်နော်..။

လှူဒါန်းကုသိုလ်ယူနေကြတဲ့ ကြည်နူးပီတိဖြစ်စရာ အလှူပုံရိပ်လေးတွေကလည်း မြင်သူတိုင်းကို သဘောကျ ကြည်နူးမှုလေးတွေနဲ့အတူ အပျော်လေးတွေ ကူးစက်စေမှာပါနော်..။

"ဒီနေ့တော့ မခိုင်တို့ရိုက်ကွင်းရှိတဲ့ဆုံကုန်းရွာမှာမုန့်ဟင်းခါးအလှူကျွေးပါတယ်ရှင်

ကိုခန့်,မခိုင်ကြီး,မခိုင်လေးတို့၃ယောက်ပေါင်းလှူကြတာပါ

ဘုန်းကြီးကျောင်း၄ကျောင်းချိုင့်ပို့စာသင်ကျောင်းက,ကလေးတွေနဲ့တရွာလုံးနီးပါးလူ၁၅၀၀လောက်ကျွေးဖြစ်ပါတယ်ရှင်.." ဆိုပြီး ကြည်နူးပီတိဖြစ်စရာ အလှူပုံရိပ်လေးတွေကိုလည်း မခိုင်လေးက ချစ်ပရိသတ်တွေကို ပြန်လည်မျှဝေထားတာပဲ ဖြစ်ပါတယ်နော်..။

Photo - ခိုင်သင်းကြည်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။