ပရိသတ်များသာမက အနုပညာရှင်တိုင်းကပါ အသည်းတွေကြွေကျမတတ်ချစ်နေရသူလေးကတော့ ယွန်းဝတီလွင်မိုးရဲ့သားရတနာလေး လွင်ထက်ပဲ ဖြစ်ပါတယ်။ သားလေးဟာ အငိုနည်းပြီး အနေအေးတာကြောင့် ဖိုးဖိုး၊ဖွားဖွားတွေရဲ့အသည်းတုန်လေး ဖြစ်နေတာပါ။ မကြာသေးခင်ကပဲ သားလေးရဲ့တစ်နှစ်ပြည့်မွေးနေ့အလှူလေးကို ကျင်းပပေးခဲ့ကြတာပဲ ဖြစ်ပါတယ်။ 

သားလေးကလည်းဖေဖေမေမေတို့ရဲ့အချစ်တွေသာမကပရိသတ်တွေရဲ့အချစ်တွေအကုန်ကိုသိမ်းပိုက်ထားတာဖြစ်ပါတယ်။သားလေးရဲ့ပုံရိပ်လေးကိုလည်းလူမှုကွန်ရက်တွေအင်စတာဂရမ်ကနေတင်ပေးလေ့ရှိပြီးပရိသတ်တွေကလည်းချစ်မဝတွေဖြစ်နေကြတာပါ။ပရိသတ်တွေသာမကအနုပညာရှင်ညီကိုမောင်နှမတွေကလည်းသားလေးLiamလေးဆီသွားတွေ့ပီးချစ်မဝတွေဖြစ်နေရတာပါ။

သားလေးရဲ့လှုပ်ရှားမှုဗီဒီယိုလေးတွေကိုလည်း လူမှုကွန်ယက်များမှတစ်ဆင့်ဝေမျှလေ့ရှိပြီး အခုမှာလည်း အရုပ်လေးရဲ့ပုံစံအတိုင်းလိုက်ကနေတဲ့ဗီဒီယိုလေးကို Instagram မှာ ဝေမျှထားတာပဲ ဖြစ်ပါတယ်။ Liam လေးဟာ တစ်နေ့ထက်တစ်နေ့ပိုပိုပြီးချစ်စရာကောင်းလာတာပါ။ ပရိသတ်တွေကြည့်ရှုနိုင်အောင် Liam လေးရဲ့ဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source- May Thu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။