အဆိုတော်စန္ဒီမြင့်လွင်ကတော့အောင်မြင်နေတဲ့အဆိုတော်တစ်ယောက်ဖြစ်ပြီးသရုပ်ဆောင်နယ်ပယ်မှာလဲ ပရိသတ်တွေရဲ့ တခဲနက်အားပေးမှုကိုရရှိနေတဲ့ သရုပ်ဆောင်တစ်ယောက်ပဲဖြစ်ပါတယ်။သူမကတော့ ချစ်ရတဲ့ ခင်ပွန်းဖြစ်သူကြောင့် အမြဲပျော်ရွှင်ရသလို ပျော်စရာကောင်းတဲ့ မိသားစုလေးကိုလဲ ပိုင်ဆိုင်ထားခဲ့တာပဲဖြစ်ပါတယ်။

ပရိသတ်တွေရဲ့ အချစ်တော်လေး ဖြစ်တဲ့ စန္ဒီမြင့်လွင်ကတော့ မကြာခင်ကမွေးနေ့လေးကို ကျရောက်လာခဲ့ပြီး ချစ်ခင်ရသူတွေက ဝိုင်းဝန်းကာမွေးနေ့ပွဲလေးကို ကျင်းပပြုလုပ်ပေးခဲ့တာကြောင့် ပျော်ရွှင်ခဲ့ရပါတယ်။ သူမရဲ ပါးဖောင်းဖောင်းလေးနဲ့ ချစ်စရာကောင်းလွန်းတဲ့ သမီးလေးဟာ အနပညာရှင်ညီအကိုမောင်နှမတွေရဲ့ အချစ်ကိုရ ရှိနေရုံသာမက ပရိသတ်တွေရဲ့ အချစ်ကိုပါရ ရှိနေပါတယ်။

ယနေ့လေးကတော့ သူမရဲ့ ချစ်စရာကောင်းလွန်းတဲ့ သမီးလေးရဲ့တစ်လပြည့် မွေးနေ့လေးပဲဖြစ်ပါတယ်။ သူမကတော့" မီးမီး ဒီနေ့တစ်လပြည့်ပါပီရှင် လှလှလေးရိုက်ပေးတဲ့ဦးဦးကင်း (Life Photography)ပန်းလှလှလေးဆင်ပေးတဲ့တီတီဂျာ(Things 4 U - wedding, event and party supply) တို့ကိုလဲကျေးဇူးများကြီးတင်ပါတယ်ရှင့် မီးမီးဂျီကျအိပ်ပျော်နေလို့ ပုံလေးတွေကအိပ်နေတာချည်းပဲ " ဆိုပြီး သမီးလေးရဲ့ ချစ်စရာပုံရိပ်လေးတွေနဲ့အတူ ရေးသားထားခဲ့ပါတယ်။

source:စန္ဒီမြင့်လွင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။