ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ကျော်သူကတော့ အနုပညာသမားကောင်းလည်းပီသသလို လူသားတစ်ယောက်အနေနဲ့လည်း စာနာသနားတတ်တဲ့စိတ်ဓာတ်အပြည့်အဝရှိတဲ့သူတစ်ယောက်ဖြစ်တာကြောင့် ပရဟိတအလုပ်တွေကိုစွမ်းစွမ်းတမံဆောင်ရွက်နေပြီး "နာရေးကူညီမှုအသင်း"ကိုလည်းဖွဲ့စည်းထားတာဖြစ်ပါတယ်။ဦးကျော်သူကတော့ အနုပညာအလုပ်တွေကိုလည်း ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေတာဖြစ်လို့ ပရိသတ်တွေနဲ့အလှမ်းမဝေးကွာသွားဘဲ နီးစပ်နေတုန်းပဲဖြစ်ပါတယ်။

ဦးကျော်သူကတော့ ပရဟိတသမားတစ်ယောက်ပီပီ အခုဆိုရင်လည်း ရေဘေးဒုက္ခကိုခံစားနေရတဲ့မွန်ပြည်နယ်ကပြည်သူတွေကို ကူညီဖို့အတွက် အစွမ်းကုန်လုပ်ဆောင်နေတာဖြစ်ပါတယ်။ဦးကျော်သူရဲ့ နာရေးကူညီမှုအသင်းကို အနုပညာရှင်များကလည်း တတ်နိုင်သလောက်လာလှူဒါန်းကြသလို တခြားအလှူရှင်များလည်းလှူဒါန်းကြတာကိုတွေ့ရပါတယ်။ဦးကျော်သူကတော့ ရရှိလာတဲ့အလှူငွေတွေအပြင် ကိုယ်တိုင်လည်း သိန်း၁၀၀ပါဝင်လှူဒါန်းထားတာဖြစ်ပါတယ်။

မွန်ပြည်နယ်ရေဘေးဒဏ်ခံစားနေရတဲ့ပြည်သူတွေအတွက် ဦးကျော်သူနဲ့အဖွဲ့သားတွေက သေချာစီမံခန့်ခွဲပြီး စားစရာများကိုကိုယ်တိုင်ချက်ပြုတ်ကြော်လှော်ကြပြီး လိုအပ်တဲ့ပစ္စည်းတွေကိုလည်းဝယ်ခြမ်းကြတာကိုတွေ့ရပါတယ်။မနေ့ကဆိုရင်တော့ အိချောပိုနဲ့တစ်ခြားအနုပညာရှင်တွေအပြင် နာရေးကူညီမှုအသင်းကလူတွေနဲ့ပေါင်းပြီးကျိုက်မရောမြို့မှာ သွားရောက်လှူဒါန်းကြပါတယ်။ဦးကျော်သူကတော့ ရေဘေးအတွက်စီမံခန့်ခွဲမှုအပြီးမှာတော့ Sleeping Study (အိပ်စက်နေစဉ် အောက်စီဂျင်လည်ပါတ်မှု စစ်ဆေးစမ်းသပ်မှု)အား ပါရီဆေးရုံတွင် မနေ့ညကသွားရောက်စစ်ဆေးခဲ့ရတဲ့အကြောင်းကို ပြောပြလာပါတယ်နော်။

Source:Kyaw Thu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။