ပရိသတ်တွေကြားမှာ အရမ်းနာမည်ကြီးပြီး အားပေးချစ်ခင်မှုတွေကိုရရှိထားတဲ့ သရုပ်ဆောင်မော်ဒယ်လ် သင်ဇာဝင့်ကျော်ဟာဆိုရင် အားပေးကြတဲ့ပရိသတ်အင်အားအတာင့်အတင်းနဲ့ရပ်တည်နေတာပဲဖြစ်ပါတယ်။သင်ဇာဝင့်ကျော်က အနုပညာလောကထဲကို ဟိုးအရင်ကတည်းကခြေချခဲ့တာကြောင့် အနုပညာသက်တမ်းကတော့ကြာမြင့်နေပါပြီနော်။အခုနောက်ပိုင်းတော့ သင်ဇာ့ရဲ့အလှအပတွေက ပရိသတ်တွေကြားမှာအရမ်းနာမည်ကြီးလာတာဖြစ်ပါတယ်။

သင်ဇာဝင့်ကျော်က ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်နဲ့လျှောက်လှမ်းနေပြီး စိတ်သဘောထားပြည့်ဝတဲ့မိန်းကလေးတစ်ယောက်ဖြစ်ပါတယ်။အမြဲတမ်းလည်း လှပနုပျိုနေတဲ့သင်ဇာက သူမရဲ့အလှအပတွေကိုလည်း ပရိသတ်တွေကို မကြာခဏချပြနေတာဖြစ်ပါတယ်။ဖိတ်ကြားတဲ့ပွဲတွေတက်ရောက်လာတိုင်းမှာ သူမတူတဲ့အလှအပတွေက လူတွေကြားမှာ ထင်ထင်ရှားရှားဖြစ်နေတာကြောင့် တစ်ပွဲပြီးတိုင်းမှာ ပရိသတ်တွေကသင်ဇာရဲ့အလှအပတွေကိုချီးကျူးကြပါတယ်နော်။

သင်ဇာကတော့ အခုနောက်ပိုင်းမှာ sexyတွေဝတ်ရတာရိုးလာတာကြောင့် မရိုးမဆန်းဖက်ရှက်လေးတွေဝတ်ဆင်လည်း ဆွဲဆောင်မှုအားကကောင်းနေဆဲဖြစ်ပါတယ်။အခုဆိုရင်တော့ သင်ဇာက မြန်မာ့ယဉ်ကျေးမှုပုဂံနယ်မြေကိုရောက်ရှိနေတာဖြစ်ပါတယ်။ မြင်သူတိုင်းရင်မှာအေးသွားစေမယ့် မြန်မာဝတ်စုံလေးကိုဆင်မြန်းပြီး ပဲလေးပေးကာ လမ်းလျှောက်နေပုံကို"ရုပ်ကိုက ပဲများပြီးလျှောက်တာပါဆို ပြုံးစိစိနဲ့ "ဆိုပြီး သူမရဲ့မခို့တရို့အပြုံးလေးနဲ့ ခြေတစ်လှမ်းကုဋေတစ်သန်းလျှောက်နေတဲ့ဗီဒီယိုဖိုင်လေးကို မျှဝေပေးလိုက်ပါရစေနော်။

Source:Thin Zar Wint Kyaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။