ဗီယက်နမ်နိုင်ငံမှာကျင်းပနေတဲ့ AFF U 18 ပြိုင်ပွဲဝင်မြန်မာအသင်းကတော့ဒီနေ့မှာ အုပ်စုနောက်ဆုံးပွဲအဖြစ်ယှဉ်ပြိုင်ကစားရတော့မှာဖြစ်ပါတယ်။မြန်မာအသင်းကတော့ဒီနေ့မှာအုပ်စုထိပ်ဆုံးမှာရမှတ်တူနဲ့ရပ်တည်နေတဲ့အင်ဒိုနီးရှားအသင်းနဲ့ကစားရမှာဖြစ်ပါတယ်။အုပ်စုဗိုလ်ဖြစ်ဖို့အပြိုင်ကစားရမှာကြောင့်ပြိုင်ဆိုင်မှုပြင်းထန်ပြီးပရိသတ်အကြိုက်ပွဲကောင်းတစ်ပွဲဖြစ်လာမှာပါ။

မြန်မာအသင်းဟာအုပ်စုပွဲ၄ပွဲကစားပြီး၄ပွဲလုံးအနိုင်ရထားတာဖြစ်တာကြောင့်ဒီပွဲမကစားခင်ဆီမီးဖိုင်နယ်ကိုတက်ရောက်ပြီးသားဖြစ်ပါတယ်။ဒါကြောင့်ဒီပွဲဟာမြန်မာအသင်းအတွက်အရေးမကြီးတော့ပေမယ့် အုပ်စုဗိုလ်ဖြစ်ဖို့အတွက်တော့အရေးပါနေတာဖြစ်ပါတယ်။ဒါကြောင့်မြန်မာအသင်းဟာဘယ်လိုလူစာရင်းတွေနဲ့ပွဲထွက်လာမလဲဆိုတာကတော့စိတ်ဝင်စားစရာပဲဖြစ်ပါတယ်။

အောင်မြင်မှုတွေနဲ့ဝေးကွာနေတဲ့ မြန်မာအသင်းအတွက်တော့ ဒီပြိုင်ပွဲမှာ ပရိသတ်တွေကအောင်မြင်မှုရဖို့မျှော်မှန်းထားတာဖြစ်ပါတယ်။ပြည်တွင်းနည်းပြ ဦးစိုးမြတ်မင်းလက်ထက်မှာ မြန်မာအသင်း ပရိသတ်တွေလိုချင်နေတဲ့အောင်မြင်မှုတွေ ရနိုင်မလားဆိုတာ စောင့်ကြည့်ရင်း အားပေးကြပါဦးနော်။

SOURCE:MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။