မြန်မာနိုင်ငံရဲ့ မော်ဒယ် လောကမှာ နာမည်အကြီးဆုံး မော်ဒယ်တစ်ယောက်ဖြစ်တဲ့ တင်မိုးလွင်ကတော့ အနပညာလောကမှာအချိန်အတော်ကြာရပ်တည်နေနိုင်သူဖြစ်ပြီး ပရိသတ်တွေရဲ့ အချစ်ကို ရရှိနေသူလေးပဲ ဖြစ်ပါတယ်။ သူမကတော့ နာမည်ကျော်presenterအဖြစ်လဲ လုပ်ကိုင်နေသူလေးဖြစ်ပြီး နာမည်ကြီးပွဲတွေတော်တော်များများမှာ presenterအဖြစ်ပါဝင်ဆောင်ရွက်ပေးနေပါတယ်။

သူမကတော့ Talents & Models School နှင့် Agency ၏ တည်ထောင်သူတစ်ယောက်ဖြစ်ပြီး အနပညာရှင်မျိုးဆက်သစ်လေးတွေကို မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။ ယခုမှာတော့ မြန်မာနိုင်ငံရဲ့ နေရာတော်တော်များများမှာ မိုးတွေအဆက်မပြတ်ရွာသွန်းတာကြောင့် ဒေသခံပြည်သူတွေ သဘာဝဘေးခံစားနေရပြီး လူသေဆုံးတဲ့အထိ ဆိုးရွားလွန်းနေခဲ့ပါတယ်။

Talents & Models School နှင့် Agency ၏ တည်ထောင်သူ ဒေါ်တင်မိုးလွင်မှ လတ်တလော သဘာဝဘေးအန္တရာယ်များ ကျရောက်ခဲ့သော ဒေသများ၏ ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းသို့ အလှူငွေ ကျပ်သိန်း(၁၀၀) ပေးအပ်လှူဒါန်းခဲ့ပါတယ်။

source: Tin Moe Lwin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။