တည်ကြည်ခန့်ညားတဲ့ ရုပ်ရည်လေးကို ပိုင်ဆိုင်ထားပြီး နှုတ်ခမ်းနီမလေးတွေရဲ့ ဝန်းရံအားပေးခြင်းကို ရရှိထားသူကတော့ သရုပ်ဆောင် သူရိယပဲ ဖြစ်ပါတယ်။ သူဟာ ငယ်စဉ်ကတည်းက တီဗီကြော်ငြာများတွင် သရုပ်ဆောင်ခဲ့တာဖြစ်ပြီး ယခုအခါမှာတော့ အနုပညာလောကမှာ အောင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက်အဖြစ် ရပ်တည်နေတာပဲဖြစ်ပါတယ်။ မိဘကို လုပ်ကျွေးပြုစုတဲ့သားလိမ္မာလေးဖြစ်တာကြောင့်လည်း လူတိုင်းက ချီကျူးနေရတာပါ။ 

လတ်တလောမှာလည်း ညီအစ်ကိုတွေနဲ့အတူ ခရီးတွေဆက်တိုက် သွားနေတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာလည်း မန္တလေးမြို့ကို ရောက်ရှိနေတာပဲဖြစ်ပြီး မန္တလေးမြို့ရဲ့ အထင်ကရနေရာများကို လည်ပတ်နေတာပဲ ဖြစ်ပါတယ်။ သူ့ရဲ့ ခရီးသွားပုံရိပ်များကိုလည်း ပရိသတ်တွေကို လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် ဝေမျှလေ့ရှိတာလည်း ဖြစ်ပါတယ်။

အခုတစ်ခေါက်မှာလည်း တောင်ပြုန်းသို့သွားတဲ့ လမ်းတစ်လျှောက်တွင် သူ့ရဲ့ ဆေးတိုက်မှတိုင်းရင်းဆေးများကို ပရိသတ်တွေအတွက် ဝေမျှခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေနဲ့ ပျော်ပျော်ရွှင်ရွှင် စကားလက်ဆုံပြောနေတဲ့ ဗီဒီယိုလေးကိုလည်း လူမှုကွန်ယက်စာမျက်နှာမှာဝေမျှထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် သူရိယရဲ့ကြည်နူးစရာကောင်းတဲ့ ဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source - Thu Riya

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။