လူကြီးလူငယ် ပရိတ်သတ်တွေရဲ့ အားပေးမှုတွေကို တစ်ခဲနက်ရရှိထားတဲ့ ပြည်တော်ချစ်မင်းသမီးချောလေးတွေကတော့ အေးမြတ်သူ၊ခင်လေးနွယ်နဲ့ ယုသန္တာတင်တို့ပဲဖြစ်ပါတယ်နော်။ သူတို့သုံးယောက်စလုံးဟာ တစ်ယောက်နဲ့တစ်ယောက်သိပ်ချစ်ကြတဲ့BFFသူငယ်ချင်းတွေလည်းဖြစ်ကြသလို ဘာပဲလုပ်လုပ်တစ်ပူးပူးတတွဲတွဲနဲ့အမြဲလိုလိုတွေ့နေရသူလေးတွေပါနော်။

အလုပ်တွေမအားရင်တောင် အချိန်ပေးပြီးတွေ့တတ်ကြတဲ့ သူမတို့ရဲ့ သူငယ်ချင်းသံယောဇဉ်ဆိုတာကတော့ တကယ့်ကိုခိုင်ခိုင်မာမာပါပဲနော်။ သူမတို့သုံးယောက်ဟာ အားလပ်ရက်ခရီးလေးတွေထွက်တဲ့အခါမှာလည်း အတူတူ တိုင်တိုင်ပင်ပင်နဲ့ စည်းစည်းလုံးလုံးလေးထွက်တတ်ကြပါသေးတယ်နော်။ မကြာခင်ကလည်း ကမ္ဘာ့နာမည်ကျော် လန်ဒန်မြို့ပေါ်မှာလည်းနေရာအနှံ့သွားရောက်လည်ပတ်ခဲ့ကြပါသေးတယ်။

ဒီတစ်ခါမှာလည်း သူမတို့လန်ဒန်မြို့ပေါ်ကို ခရီးထွက်ခဲ့စဉ်က အမှတ်တရ ကစားထားခဲ့တဲ့Tik Tokဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးထားခဲ့တာကိုတွေ့ရပြန်ပါတယ်နော်။ Disneyထဲက ကာတွန်းဇာတ်ကောင်မင်းသမီးလေးတွေလို ဂါဝန်ကားကားလေးတွေဝတ်ဆင်ပြီးတော့ လှချင်တိုင်းလှနေကြတဲ့ သူမတို့ သုံးယောက်ရဲ့Tik Tokလေးကြောင့် ချစ်ပရိတ်သတ်တွေအသည်းယားအချစ်ပိုခဲ့ရပါတယ်နော်။ သေချာကြည့်ရင်တော့ သူမတို့ သုံးယောက်စလုံး ဟာ ဂါဝန်လေးနဲ့ ဆိုပေမယ့် ရှူးဖိနပ်လေးတွေကိုယ်စီ စီးထားတာကိုတွေ့ရမှာဖြစ်ပြီး ဒီvideoလေးက ပရိတ်သတ်တွေကို ပြုံးပျော်စေခဲ့ပါတယ်နော်။ ကဲ... ဂါဝန်လေးကိုလွှားကနဲ လွှားကနဲဝှေ့ယမ်းရင်း Tik Tokကစားပြလိုက်တဲ့ ပြည်တော်ချစ်မင်းသမီးချောလေးတွေရဲ့ Tik Tokဗီဒီယိုဖိုင်လေးကို ပြည်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : Yu Thandar Tin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။