နိုင်ငံတစ်ကားပြိုင်ပွဲတွေမှာ ရလဒ်ကောင်းတွေနဲ့တူတူဆုဖလားဆုတံဆိပ်တွေယူပြီးနိုင်ငံ့ဂုဏ်ဆောင်နေတာကတော့ ကြက်တောင်အားကစားမယ် သက်ထားသူဇာပဲဖြစ်ပါတယ်။သူမကတော့ ၂၀၁၉ခုနှစ်အတွင်းနိုင်ငံတစ်ကာပြိုင်ပွဲတိုင်းနီးပါးမှာ အောင်မြင်မှုတွေဆွတ်ခူးနိုင်တဲ့ ကစားသမားတစ်ယောက်ပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း ဂရိနိုင်ငံမှာ ကျင်းပတဲ့ ကြက်တောင်ရောက်ပြိုင်ပွဲမှာ မြန်မာနိုင်ငံအတွက် ဒုတိယဆု ရယူပေးထားတဲ့နိုင်ငံ့ဂုဏ်ဆောင်ပဲဖြစ်ပါတယ်။သူကတော့ ဂရိပြိုင်ပွဲပြီးမကြာခင်မှာပဲ ဘူလ်ဂေးရီးယားအင်တာနေရှင်နယ် ကြက်တောင်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နေတာဖြစ်ပါတယ်။

သူကတော့အဆိုပါပြိုင်ပွဲမှာလည်း ၁၆ယောက်ရှုံးထွက်အဆင့်မှာ ဟန်ဂေရီ ကစားသမား Reka MADARASZ အား ( ၂၁-၁၃/၂၁-၁၉) ဖြင့် နှစ်ပွဲပြတ် အနိုင်ရရှိပြီး ကွာတားဖိုင်နယ်ပွဲစဉ်သို့ တက်ရောက်သွားပြီ ဖြစ်ပါတယ်။သူကတော့ ကွာတားဖိုင်နယ်မှာတော့ ကမ္ဘာ့အဆင့် ၃၈၊ ပြိုင်ပွဲနိုင်ခြေအဆင့် ၁ အဖြစ်သတ်မှတ်ခြင်းခံထားရသူ တူရကီ ကစားသမား Neslihan YIGIT နှင့် ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။ပရိသတ်တွေလည်း နိုင်ငံအတွက်အောင်မြင်မှုတွေဆွတ်ခူးပေးနေတဲ့ သက်ထားသူကိုလည်းအားပေးကြပါဦးနော်။

SOURCE:


မြန်မာ့ကြက်တောင်ကစားသမားများ (MBP)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။