ပရိသတ်ကြီးရေ.. သရုပ်ဆောင်မင်းသားချော ပိုင်ဇေရဲထွန်းနဲ့ ဇနီးချောလေး ဇင်သဲနိုင်တို့ ဇနီးမောင်နှံလေးကတော့ ပရိသတ်တွေအမြဲအားကျချစ်ခင်ရတဲ့ အနုပညာရှင်ဆယ်လီစုံတွဲလေးပဲ ဖြစ်ပါတယ်နော်..။

ပရိသတ်အချစ်တော်သူတို့ စုံတွဲလေးကတော့ တစ်ယောက်ကိုတစ်ယောက် ချစ်ခင်ကြင်နာမှုတွေနဲ့ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာမို့ ပရိသတ်တွေကလည်း အမြဲအားကျရတာဆိုလည်း မမှားပါဘူးနော်..။


အလှူအတန်းတွေကို မကြာခဏပြုလုပ်လေ့ရှိတဲ့ ပိုင်ဇေရဲထွန်းတို့ မိသားစုလေးကတော့ အခုတစ်ခါမှာလည်း ရေဘေးသင့်ပြည်သူတွေအတွက် လှူဒါန်းမှုများပြုလုပ်ပြီး လှူဒါန်းမယ့် ပစ္စည်းလေးတွေကိုလည်း ကိုယ်တိုင်ထုတ်ပိုးနေကြတာ တွေ့ရပါတယ်နော်..။

ကိုယ်ပိုင်စီးပွားရေးတွေနဲ့ အလုပ်ရှုပ်နေပေမယ့် ညဘက်ရတဲ့အချိန်လေးမှာ ရေဘေးအတွက် လှူနိုင်သလောက်လေး လုပ်နေတာဖြစ်ပြီး World vision က လှူဒါန်းပေးတဲ့ ရေသန့်စင်ဆေးထုတ်တွေကိုလည်း ကိုယ်တိုင် ထုတ်ပိုးနေတာ ဖြစ်ပါတယ်နော်..။


ရေဘေးသင့်ပြည်သူတွေအတွက် လှူဒါန်းဖို့အတွက် ပြင်ဆင်နေတဲ့ ပုံရိပ်လေးတွေကိုလည်း ဇင်သဲနိုင်က ချစ်ပရိသတ်တွေ သာဓုခေါ်ကုသိုလ်ယူနိုင်ဖို့အတွက်ကိုလည်း ပြန်လည်မျှဝေထားပါသေးတယ်နော်..။

“နေ့ဘက်က မိသားစုကိစ္စ ကိုယ့်စီးပွားရေးကိစ္စတွေနဲ့ရှုပ်

ညဘက်ကျ ရေဘေးမှာ လှူဖို့နိုင်သလောက်လုပ်...

World vision က လှူဒါန်းပေးတဲ့ ရေသန့်စင်ဆေးထုတ်တွေပါ အထုတ်ရေ 24000 (100cartonbx)ပါ...

ဆေးတစ်ထုတ်သုံးပြီး ရေ၁၀လီတာကို ရေသန့်အဖြစ် ပြောင်းလဲပေးနိုင်တဲ့အတွက် အများကြီးအသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်.

ကူညီဆက်သွယ်ပေးတဲ့အမ ကျေးဇူးအများကြီးတင်ပါတယ်..” ဆိုပြီး ပရိသတ်တွေကို မျှဝေပြောပြထားတာ ဖြစ်ပြီး မွန်မြတ်တဲ့ စေတနာအလှူလေးကိုလည်း ပရိသတ်တွေကလည်း ဝစမ်းသာအားရသာဓုခေါ်ဆုတောင်းစကားလေးတွေ ပြောထားကြတာ တွေ့ရပါတယ်နော်..။


Photo - ဇင်သဲနိုင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။