ပရိသတ်ကြီးရေ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ပိုင်ဇေရဲထွန်းရဲ့ ချစ်ဇနီးလေးဇင်သဲနိုင်ကတော့ အရမ်းချောလှတဲ့သူတစ်ယောက်ဖြစ်ပါတယ်နော်။ပိုင်ဇေရဲထွန်းနဲ့ဇင်သဲနိုင်တို့ဇနီးမောင်နှံနှစ်ယောက်ကလည်း အသက်၁၀နှစ်တိတိကွာတာကြောင့် ပိုင်ဇေရဲထွန်းကတော့ ချစ်ဇနီးလေးကို အရမ်းအလိုလိုက်ပြီးကြင်နာယုယတတ်တဲ့ခင်ပွန်းတစ်ယောက်ဖြစ်သလို ဇင်သဲနိုင်ကလည်း ချစ်ခင်ပွန်းအပေါ် ဇနီးမယားဝတ္တရားအကုန်ကျေပြွန်တဲ့သူပါနော်။

ပိုင်ဇေရဲထွန်းနဲ့ဇင်သဲနိုင်တို့ဇနီးမောင်နှံမှာ ချစ်စရာကောင်းတဲ့သားသမီးသုံးယောက်လည်းရှိလို့ မိသားစုဘဝလေးက စိုစိုပြေပြေနဲ့သာယာအေးချမ်းပါတယ်နော်။ဇင်သဲနိုင်ကတော့ ကိုယ်ပိုင်စီးပွားရေးလေးဖြစ်တဲ့ "Art & J"မြန်မာ့တွင်းထွက်ကျောက်မျက်ရတနာဆိုင်ကို ဖွင့်လှစ်ထားပြီး ဂရုတစိုက်နဲ့စီမံနေတာပဲဖြစ်ပါတယ်။ဇင်သဲနိုင်ကတော့ မိသားစုအရေးနဲ့စီးပွားရေးကို မလစ်ဟင်းတဲ့အပြင် လူမှုရေးလည်းမပျက်ကွက်သူတစ်ယောက်ဖြစ်လို့ ဘက်စုံထူးချွန်ပြီးထက်မြက်တဲ့အမျိုးသမီးတစ်ယောက်လို့ဆိုလို့ရပါတယ်နော်။

ဇင်သဲနိုင်ကတော့ ကလေးသုံးယောက်ရဲ့မိခင်လို့ ထင်ရက်စရာမရှိလောက်အောင် နုငယ်ပျိုမျစ်ခြင်းတွေက ဆယ်ကျော်သက်လေးအလားလန်းဆန်းတက်ကြွနေတာပဲဖြစ်ပါတယ်။အခုဆိုရင်လည်း ဇင်သဲနိုင်က သူမရဲ့Art & Jရဲ့ မြန်မာ့ဒီဇိုင်းလေးကို ကိုယ်တိုင်မော်ဒယ်လုပ်ဝတ်ဆင်ကာ မြန်မာ့ရှေးဟောင်းအမွေအနှစ်ဖြစ်တဲ့ပုဂံမြေပေါ်မှာ မြန်မာ့သနပ်ခါးလေးလိမ်းခြယ်ပြီး ကျက်သရေရှိစွာအရမ်းလှနေတဲ့ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါရစေနော်။

Source:Zin Thae Naing?Paing Zay Ye Tun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။