မော်ဒယ်၊အလှမယ်တစ်ဦးအဖြစ် ပရိသတ်တွေရဲ့အားပေးထောက်ခံမှုကို ရရှိခဲ့တဲ့ ထက်ထက်ထွန်းကတော့ နောက်ပိုင်းမှာ သရုပ်ဆောင်မင်းသမီးချောလေးအဖြစ် ဇာတ်ကားတွေရိုက်ကူးလာခဲ့တာ ဖြစ်ပါတယ်။ ဇာတ်လမ်းတွဲတွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်ရိုက်ကူးနေရတဲ့ ထက်ထက်ထွန်းကတော့ တစ်နေ့တစ်ခြား ပိုမိုအောင်မြင်လာတာ တွေ့ရပါတယ်။ လက်ရှိမှာလည်း ထက်ထက်ထွန်းက ဒါရိုက်တာသားညီရိုက်ကူးတဲ့ "အကြင်နာမြစ်ဖျား" ဇာတ်လမ်းတွဲလေးမှာ ပါဝင်သရုပ်ဆောင်နေတာ ဖြစ်ပါတယ်။

အချိန်အတော်ကြာရိုက်ကူးခဲ့တဲ့ "အကြင်နာမြစ်ဖျား" ဇာတ်လမ်းတွဲလေးကတော့ မနေ့ကအပြီးသတ် ရိုက်ကူးပြီးစီးနိုင်ခဲ့ပြီဖြစ်တာကြောင့် ထက်ထက်ထွန်းတစ်ယောက် သူမရဲ့လုပ်နေကျ အလုပ်လေးတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ ထက်ထက်ထွန်းက ရိုက်ကူးရေးနောက်ဆုံးနေ့လေးမှာ စက်အဖွဲ့တွေကို မုန့်ဖိုးပေးလေ့ရှိတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် အခုလည်း ထက်ထက်ထွန်းတစ်ယောက် ပိုက်ဆံတွေအထပ်လိုက်ကိုင်ပြီး စက်အဖွဲ့တွေကို မုန့်ဖိုးပေးခဲ့တာ တွေ့ရပါတယ်။

ထက်ထက်ထွန်းက " အကြင်နာမြစ်ဖျား ဇာတ်လမ်းတွဲ တစ်ကယ်ပြီးဆုံး ထုံးစံတိုင်း စက်အဖွဲ့အလွှာနဲ့ " ဆိုပြီး ပရိသတ်တွေလည်းကြည်နူးပီတိဖြစ်ရအောင် Live လွှင့်ပေးခဲ့တာ ဖြစ်ပါတယ်။ ငါးထောင်တန်၊ တစ်သောင်းတန် ငွေစက္ကူတွေကိုင်ပြီး စက်အဖွဲ့သားတွေကို မုန့်ဖိုးပေးနေတဲ့ ထက်က်ထွန်းကတော့ အရမ်းကိုပျော်ရွှင်နေတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ထက်ထက်ထွန်းရဲ့ဗီဒီယိုဖိုင်လေးကို အောက်မှာတင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Htet Htet Htun;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။