ကြည်လင်ရှင်းသန့်တဲ့ မျက်နှာလေးကြောင့် ပရိသတ်တွေမချစ်ပဲ မနေနိုင်အောင်ကိုဆွဲဆောင်ထားသူကတော့ မင်းသမီးချောလေး မိုးယုစံပဲ ဖြစ်ပါတယ်။ သူမဟာ ဆယ်စုနှစ်တိုင်အောင် အနုပညာအလုပ်တွေကိုကြိုးစားလုပ်ကိုင်ခဲ့သူပဲ ဖြစ်ပါတယ်။ သားလေးမွေးပြီးနောက်ပိုင်း အနုပညာအလုပ်တွေကို သိပ်မလုပ်တော့သော်လည်း ပရိသတ်တွေကတော့ အားပေးချစ်ခင်နေကြဆဲပဲ ဖြစ်ပါတယ်။

မိုးယုဟာ သရုပ်ဆောင်ပီပြင်ရုံသာမကပဲ နှင်းဆီအဖွဲ့မှာလည်း ပင်တိုင်အငြိမ့်မင်းသမီးလေးပဲ ဖြစ်ပါတယ်။ လတ်တလောမှာလည်း မော်လမြိုင်မြို့ရေဘေးသင့်ပြည်သူများအတွက် မန္တလေးမြို့တွင် ရာမညနှင်းဆီအမည်ဖြင့် ရန်ပုံငွေအငြိမ့်ပွဲလေးတစ်ခု ကပြဖျော်ဖြေရန် တိုင်ပင်ဆွေးနွေးနေကြပြီပဲဖြစ်ပါတယ်။ သူမဟာ လတ်တလောမှာလည်း မိသားစုနဲ့အတူ မုံရွာမြို့ကို အလည်အပတ်သွားရောက်ခဲ့တာပဲ ဖြစ်ပါတယ်။ မုံရွာမြို့ရှိ ဗောဓိတစ်ထောင်ရပ်တော်မူဘုရားကြီးတွင် သားလေးရဲ့ မွေးနေ့အလှူအဖြစ် အလှူတစ်ခုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။  

သူမရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်လည်း " မုံရွာမြို့သို့ အလည်သွားရင်း သားသားလေးမွေးနေ့အကြိုအတွက် ဗောဓိတထောင် ရပ်တော်မူဘုရားကြီး မှာအလှူဒါနပြုလုပ်ခဲ့ ကောင်းမှုအားလုံး ၇ရက်သားသမီးအပေါင်းထပ်တူရရှိပါစေ (မိုးယုကို ခုထိချစ်ခင်ပေးကြတဲ့ပရိတ်သတ်များအားလုံးကိုလည်းကျေးဇူးတင်ပါတယ် ) " ဆိုပြီး ဝေမျှထားတာပဲ ဖြစ်ပါတယ်။ မိုးယုတစ်ယောက်လည်း ဒီထက်မက အလှူအတန်းတွေများများလုပ်နိုင်ပါစေလို့ MyanmarLoad မိသားစုကလည်း ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်နော်။

Photo - Moe Yu San 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။