မမမြတ်လေးရဲ့ ဒုတိယ အိမ်လို့ကိုဆိုရမယ့် အေးမြတ်သူရဲ့ စီးတော်ယာဉ်ကားကြီးကို ပရိတ်သတ်တွေလည်းသိမှာပါနော်။ နိုင်ငံကျော် အကယ်ဒမီမင်းသမီးတစ်ယောက်ဖြစ်တဲ့အတွက် အလုပ်ကိစ္စတွေနဲ့အမြဲလိုလို ရှုပ်နေပြီး ပကာသနအပြင်အဆင်တွေအတွက်အချိန်မပေးနိုင်တဲ့ မမမြတ်လေးကြောင့် သူမရဲ့ကားဟာလည်း အတော်လေးအကြမ်းပတမ်းခံရပါတယ်နော်။ တခါတလေကားပေါ်မှာအိပ်ကားပေါ်မှာစားပြီး သူမရဲ့ချစ်ပရိတ်သတ်တွေအတွက်ကြိုးစားခဲ့ပါတယ်နော်။

ဒီလိုအကြမ်းသုံးခဲ့ရတဲ့ သူမရဲ့ ကားကြီးကို အားလပ်ချိန်လေးမှာတော့ အနားပေးပြီး ပြင်ဆင်သန့်စင်ဖို့လုပ်ခဲ့ပါတယ်နော်။ Nut Jobsရဲ့ အကူအညီနဲ့ပြင်ဆင်လို့အပြီး သူမရဲ့ ကားကိုလက်ထဲပြန်ရလာချိန်မှာတော့ ထင်မထားလောက်အောင်ကိုပြောင်းလဲသွားခဲ့တာကိုတွေ့ရပါတယ်နော်။ " မှတ်တောင်မမှတ်မိလောက်အောင် တောက်ပြောင်မိမိုက်သွားတာ ... နောက်ထပ်ကားသစ်ကြီး ၁စီးထင်လို့ " ဆိုပြီးတော့လည်း အံ့အားသင့်စွာ ပြောပြခဲ့ပါတယ်နော်။

ဝါသနာပါတဲ့ အနုပညာအလုပ်တွေကိုပဲအလေးထားပြီး စီးတော်ယာဉ်ကားလေးကိုအချိန်မပေးနိုင်တဲ့ သူမကတော့ တောက်ပြောင်နေတဲ့ သူမရဲ့ကားကြီးကြောင့် ပျော်ရွှင်ခဲ့ရပါတယ်နော်။ " မိုးတွင်းမို့ကားအတွင်းခန်းတွေရေစော်နံ့တာတွေပါပျောက်ပြီး အတွင်းခန်းလည်း အရမ်းသန့်သွားတော့ ... တောက်ပြောင်နေတဲ့ ကားသစ်ကြီး ကို ပြုံးပြုံးကြီးကြည့်ပြီး ...ကားအတွင်းခန်းထဲထိုင်လိုက်တော့ .. သန့်ရှင်းနေတဲ့ကားကြောင့် စိတ်တွေကြည်ကြည်လင်လင်နဲ့ အလုပ်သွားရလို့ ...နေ့ရက်တ်ုင်း က သာယာပြီလေ.....အလုပ်အတွက် အမြဲတမ်း အပြင်ထွက်နေရတဲ့ မမြတ်လေး အတွက် ကား က ဒုတိယအိမ်ပါ.." ဆိုပြီးချစ်ပရိတ်သတ်တွေကိုရင်ဖွင့်ခဲ့ပါတယ်နော်။ ဝါသနာပါတဲ့အနုပညာနဲ့ ပရိတ်သတ်တွေအတွက် ကြိုးစားနေတဲ့ မြတ်လေးအတွက်ကတော့ ကားဆိုတဲ့ သူမရဲ့ ဒုတိယအိမ်လေးပဲမို့ တကယ်ကိုပျော်နေခဲ့ရပါတယ်နော်။ ကဲ... ပရိတ်သတ်တွေကိုအမြဲဦးစားပေးတတ်တဲ့ မမမြတ်လေးတစ်ယောက် ဒီထက်မကအောင်မြင်ဖို့ ဆုတောင်ပေးလိုက်ကြပါအုန်း ချစ်ပရိတ်သတ်တို့ရေ....

Source : Aye Myat Thu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။