ပရိသတ်ကြီးရေ.. အနုပညာလောကမှာ အောင်မြင်မှုတွေ အခိုင်အမာရရှိထားတဲ့ ပြည်သူ့အချစ်တော် ထိပ်တန်းအနုပညာရှင်မင်းသမီးချောတွေထဲမှာ ထက်ထက်မိုးဦးကတော့ ဆယ်စုနှစ်တွေကတည်းက ပရိသတ်တွေရဲ့ ရင်ထဲနေရာယူထားသူလေးပဲ ဖြစ်ပါတယ်နော်..။

ကျန်းမာရေးနဲ့ အကြောင်းအမျိုးမျိုးကြောင့် အနုပညအလုပ်တွေကို အချိန်အတော်ကြာ ရပ်နားခဲ့ပေမယ့် လတ်တလောမှာတော့ ချစ်ပရိသတ်တွေအတွက် အနုပညအလုပ်တွေကို ဆက်တိုက်လုပ်နေပြီး မကြာခင်ကမှ ဗိုက်ခွဲထားတာလည်း တွေ့ရပါတယ်နော်..။


အနုပညာအလုပ်တွေဆက်တိုက်လုပ်ဆောင်နေပြီး အခမ်းအနားပွဲေတော်ောတ်များများကို တက်ရောက်ဖြစ်နေတဲ့ မထက်ကတော့ အခုတစ်ခါမှာလည်း အခမ်းအနာပွဲလေးတစ်ခုကို တက်ရောက်ရင်း သူမရဲ့ ကျန်းမာရေးနဲ့ အနုပညအလုပ်တွေအောကာင်းကိုလည်း ပရိသတ်တွေကိုပြောပြလာခဲ့ပါတယ်..။

ကိုယ်ရေစစ်သွားဖို့နဲ့ ကျန်းမာရေးအတွက် ဝိတ်ချသွားမှာဖြစ်ပြီး လတ်တလောမှာတော့ ဗိုက်ခွဲထားတာ (၁)လကျော်ပဲ ရှိသေးတာမို့ ညှာနေရပြီး (၄)လလောက်နေပြီး အသားကျသွားရင်တော့ ဝိတ်လျှော့သွားမယ်လို့လည်း မထက်က ပြောပြထားတာ တွေ့ရပါတယ်နော်..။


ထမင်းကိုပဲ အရမ်းကြိုက်တဲ့သူမို့ တစ်နေ့ကို (၃)ကြိမ် (၄)ကြိမ်လောက် ထမင်းစားဖြစ်ပြီး ဝိတ်လျှော့ရင် ထမင်းမစားရမှာကို စိတ်မကောင်းဖြစ်တယ်ဆိုပြီးတော့လည်း ကလေးလေးတစ်ယောက်လို ချစ်စဖွယ်လေး ပြောပြထားုပါသေးတယ်နော်..။

ချစ်စရာကောင်းတဲ့ ပရိသတ်တွေရဲ့ အသည်းကျော် ထက်ထက်မိုးဦးရဲ့ အင်တာဗျူးဗီဒီယိုဖိုင်လေးကိုလည်း ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်တာမို့ ကြည့်ရှု့ရင်း မထက်အတွက် အားပေးစကားလေးတွေလည်း ပြောပေးသွားဖို့ မမေ့ပါနဲ့ဦးနော်..။


Photo – Credit

Video - Myanmarload

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။