ကရင်တိုင်းရင်းသူလေးဖြစ်တဲ့ နော်ဖောအယ်ထားဟာဆိုရင် ခန္ဓာကိုယ်အချိုးအစားပြေပြစ်လှပပြီး ကိုးရီးယားမလေးတစ်ယောက်လိုချစ်ဖို့ ကောင်းတာဖြစ်ပါတယ်...။ တိုင်းရင်းသူလေးဖြစ်တဲ့ အတွက်ကြောင့် စကားပြောပွင့်လင်းပြီး ရိုးသားဖြူစင်သူလေးပဲဖြစ်ပါတယ်...။ မော်ဒယ်လ်၊ သရုပ်ဆောင် တစ်ယောက်အနေနဲ့ အနုပညာလောကထဲသို့ ဝင်ရောက်လာပြီး အခုလက်ရှိမှာအောင်မြင်စွာ ရပ်တည်နေတာပဲဖြစ်ပါတယ်...။ နော်ဖောအယ်ထားဟာဆိုရင် ဖက်ရှင်အလန်းလေးတွေကိုဝတ်ပြီး ဆွဲဆောင်မှုရှိလှပနေတာပါနော်...။

နော်ဖောအယ်ထားဟာဆိုရင် စင်ကာပူနိုင်ငံမှာ ကျောင်းသွားတက်ခဲ့တာဖြစ်ပြီး မန္တလေးက ufl မှာ ကျောင်းပြီးခဲ့တာဖြစ်ပါတယ်...။ နော်ဖောအယ်ထားဟာဆိုရင် ပညာရေးမှာကော၊ အနုပညာလောကမှာပါ ထူးချွန်ထက်မြတ်သူလေးဖြစ်ပါတယ်...။ နော်ဖောအယ်ထားရဲ့ အချစ်ရေးကတည်ငြိမ်လျက်ရှိပြီးသူငယ်ချင်းတွေနဲ့အတူ ဘဝကိုအေးချမ်းသာယာစွာ ဖြတ်သန်းနေတာဖြစ်ပါတယ်...။ နော်ဖောအယ်ထားဟာဆိုရင် ကြော်ငြာမဂ္ဂဇင်းများစွာကို လက်ခံရိုက်ကူးထားပြီး၊ ရုပ်ရှင်ဇာတ်ကားကြီးတွေအတွက်လည်း ပြင်ဆင်ရိုက်ကူးနေပြီဖြစ်ပါတယ်...။

နော်ဖောအယ်ထားက ခေတ်လူငယ်ပီပီ ပရိသတ်ကြီးနဲ့အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ယက်စာမျက်နှာတွေဖြစ်ကြတဲ့ facebook၊ Instagram တို့တွင်သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကိုအစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်...။ နော်ဖောအယ်ထားက ကဗျာစာသားတိုလေးတွေကိုလည်း ရေးစပ် တင်လေ့ရှိတာကို သူမရဲ့ post တွေဖတ်ဖူးတဲ့သူတိုင်း သိကြမှာပါ...။ အချစ်နဲ့ပတ်သက်တဲ့ စာသားလေးဖြစ်တဲ့ "love is in the air" စာသားလေးဟာဆိုရင် သူမရဲ့ အချစ်ခံစားတွေ လေထဲ ပျံ့နှံ့နေတာကို ဖတ်တဲ့သူတွေ ရင်ထဲ ခံစားမိစေမှာ အမှန်ပါ......။

Source Naw Phaw Eh Htar 

Photo Credit Wai PhyoeHein

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။