ပရိသတ်ကြီးရေ ငယ်ငယ်ကတည်းက အဆိုတော်ပြိုင်ပွဲတွေမှာဝင်ပြိုင်ခဲ့ပြီး ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကိုရရှိခဲ့တဲ့ မေသက်ထားဆွေကတော့ ၁၆နှစ်အရွယ်အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်နော်။မေသက်ထားဆွေကတော့ အသံချိုမြမြလေးကိုပိုင်ဆိုင်ထားပြီး သူမရဲ့အသံလေးက မြန်မာသံစဉ်လေးတွေနဲ့အလွန်လိုက်ဖက်ပြီးနားဝင်ချိုတာကြောင့် ပရိသတ်တွေကတစ်ခဲနက်ကိုအားပေးကြတာဖြစ်ပါတယ်။

မေသက်ထားဆွေက လက်တလောမှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲကိုအောင်မြင်ထားပြီး တက္ကသိုလ်တက်ရောက်တော့မှာဖြစ်ပါတယ်။အမြို့မြို့အနယ်နယ်ကိုလည်းသွားရောက်ပြီး သီချင်းတွေနဲ့သီဆိုဖျော်ဖြေနေတဲ့ မေသက်ထားဆွေက ပညာရေးမှာလည်းထူးချွန်တဲ့သူတစ်ယောက်ပါနော်။အခုဆိုရင်တော့ မေသက်ထားဆွေက မုံရွာမြို့သို့သွားရောက်ပြီး သီဆိုဖျော်ဖြေခဲ့ရင်း တန်ဖိုးကြီးပစ္စည်းတွေဆုံးရှုံးသွားခဲ့တာကို ကြားသိခဲ့ရပါတယ်။

"အဆိုတော်သမီးလေးမေသက်ထားဆွေရဲ့ ဂီတသင်္ကေတနဲ့ရွှေဆုတံဆိပ်ပြားလေး မုံရွာပွဲမှာပျောက်ဆုံးသွားပါတယ်။သူခိုး ခိုးသွားခြင်းပါ။ လက်ဝက်ရတနာတွေ ဖုန်းတွေ အားလုံး စုစုပေါင်း သိန်း ၁၀၀ ကျော်သူခိုး ခိုးသွားပါတယ်။ဂီတအမှတ်အသားရွှေဆွဲပြားလေးတွေ့ရင် အကြောင်းကြားပေးကြပါရန် မေတ္တာရပ်ခံပါတယ်။"ဆိုပြီး အကြောင်းကြားပေးပါရန်မေတ္တာရပ်ခံထားတဲ့အကြောင်းလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source:Aungphone Khaing

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။