အဆိုတော် R ဇာနည်ကတော့ ပရိသတ်တွေရဲ့အခိုင်အမာ အားပေးဝန်းရံမှုကိုရရှိထားတဲ့ ပရိသတ်အချစ်တော်တစ်ဦးပဲ ဖြစ်ပါတယ်။ အသံပါဝါအားကောင်းပြီး နားဆင်သူရင်ထဲထိရောက်စေနိုင်တဲ့ သီချင်းကောင်းလေးတွေကို ဖန်တီးတတ်တဲ့ R ဇာနည်က ဂီတလောကမှာ လင်းလက်တောက်ပနေတဲ့ ငွေကြယ်ပွင့်တစ်ဦးဆိုလည်း မမှားပါဘူး။ လက်ရှိမှာတော့ R ဇာနည်က ချစ်စရာကောင်းတဲ့ သားလေးနှစ်ယောက်နဲ့အတူ အများကအားကျရတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားရပါတယ်။

R ဇာနည်ရဲ့သားလေးတွေဖြစ်တဲ့ ဖစ်ဖစ်တုန်နဲ့ ချစ်ချစ်တုန်တို့နှစ်ယောက်ကလည်း အဖေတူသားချောလေးတွေဖြစ်တာကြောင့် ပရိသတ်တွေက အချစ်ပိုနေရတာ ဖြစ်ပါတယ်။ R ဇာနည်ရဲ့သားငယ်လေး ချစ်ချစ်တုန်ကေတော့ အသက်(၁) နှစ်ကျော်အရွယ်သာရှိသေးပြီး အရမ်းကို လူချစ်လူခင်ပေါများတဲ့ ကလေးလေး ဖြစ်ပါတယ်။ ဒီနေ့မှာတော့ သားလေးချစ်ချစ်တုန်က တော်ဝင်မိသားစုဝါဆိုသင်္ကန်းကပ်အလှူမှာ ဖေဖေ R ဇာနည်နဲ့အတူ ဆရာတော်ကို ကန်တော့နေတာ တွေ့ရပါတယ်။ 

ဆရာတော် အရှင်ဆေကိန္ဒကို လက်အုပ်လေးချီပြီး ဦးချကန်တော့နေတဲ့ သားလေးချစ်ချစ်တုန်ကတော့ အရမ်းကို ချစ်ဖို့ကောင်းနေတာ ဖြစ်ပါတယ်။ ဆရာတော်ဘုရားကို ရိုရိုသေသေနဲ့ ပူဇော်ကန်တော့နေတဲ့ R ဇာနည်တို့သားအဖနှစ်ယောက်ရဲ့မြင်ကွင်းလေးကလည်း ပရိသတ်တွေကိုကြည်နူးစေခဲ့တာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် R ဇာနည်တို့သားအဖနှစ်ယောက်ရဲ့ချစ်စရာဗီဒီယိုဖိုင်လေးကို အောက်မှာတင်ဆက်ပေးလိုက်ပါတယ်နော်။

Video Credit:Aye Zaw Moe; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။