မိန်းကလေးပရိသတ်များစွာရဲ့ အားပေးချစ်ခင်ခြင်းတွေကို အပြည့်အဝရရှိထားသူကတော့ မင်းသမီးလေး နေခြည်ဦးပဲ ဖြစ်ပါတယ်။ ချီချီဟာ Beauty Blogger ဘဝမှတစ်ဆင့် အနုပညာလောကထဲကို ဝင်ရောက်လာတာလည်း ဖြစ်ပါတယ်။ သူမရဲ့ သရုပ်ဆောင်မှုတွေဟာလည်း တစ်ကားထက်တစ်ကား ပိုပိုပီပြင်လာတာတွေကြောင့်လည်း အနုပညာလောကမှာ အချိန်တိုအတွင်း အောင်မြင်မှုတွေရရှိလာတာလည်း ဖြစ်ပါတယ်။

လတ်တလောမှာလည်း ကြော်ငြာတွေရိုက်ကူးနေရတာလည်း ဖြစ်ပါတယ်။ ချီချီရဲ့ သွက်သွက်လက်လက်စကားပြောပုံလေးများနဲ့ ထက်မြက်မှုတွေကို မိန်းကလေးတိုင်းက အားကျနေရတာပါ။ သူမေကြော်ငြာတဲ့ ကုန်ပစ္စည်းတိုင်းဟာလည်း ရောင်းမလောက်အောင်ဖြစ်ခဲ့ရတဲ့အထိကိုဖြစ်ခဲ့တာကြောင့် ကြော်ငြာတွေလက်မလည်အောင် ရိုက်ကူးနေရတာပါ။ ချီချီဟာ အနုပညာဘက်တွင်သာမကပဲ စီးပွားရေးဘက်မှာလည်း တစ်ယောက်တည်းဦးဆောင်ကာ လုပ်ဆောင်နိုင်တဲ့ ထက်မြက်လွန်းတဲ့ အမျိုးသမီးတစ်ယောက်လည်း ဖြစ်ပါတယ်။ 

အခုမှာလည်း ပရိသတ်တွေ ဟာကနဲ ဟင်ကနဲဖြစ်ရလောက်တဲ့ ကြော်ငြာဗီဒီယိုလေးတစ်ခုကို သူမရဲ့ Instagram myday လေးမှာ ဝေမျှထားတာပဲ ဖြစ်ပါတယ်။ ဒီဗီဒီယိုလေးဟာ တင်တင်ပြီးချင်းမှာပဲ ကြည့်ရှုသူသန်းပေါင်းများစွာရှိခဲ့တာပါ။ ပရိသတ်တွေအတွက် ချီချီရဲ့အကြမ်းစား ကြော်ငြာဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source - Nay Chi Oo 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။